Home
ပညာရေး/နည်းပညာ
စစ်တပ်အကြမ်းဖက်မှုကြောင့် ပညာရေးအသိုက်အဝန်းမှ သေဆုံးသူ ၂၅၀ ကျော်ရှိ
DVB
·
January 22, 2025

မြန်မာပြည်တွင်းမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေကြောင့် ပညာရေးအသိုက်အဝန်းက သေဆုံးသူ ၂၅၂ ယောက် ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်မှု လုပ်ရပ်ကြောင့် ပညာရေးကဏ္ဍက ကျောင်းဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ သေဆုံးမှုအရေအတွက်မှာ အမျိုးသမီး ၇၂ ယောက်၊ အမျိုးသား အယောက် ၁၈၀ နဲ့ အသက် ၁၈ နှစ်အောက် ကလေးငယ် ၈၈ ယောက်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ စစ်တပ်ရဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် သေဆုံးသူ အယောက် ၁၁၀ အထိ ရှိခဲ့ပြီး ၆၈ ယောက်ကတော့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးတာဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူအများဆုံးကတော့ စစ်ကိုင်းတိုင်းဒေသကြီးကဖြစ်ပြီး ၅၄ ယောက်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးကာလအတွင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွှယ်တယ်ဆိုပြီး စစ်ကောင်စီက ဆရာ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၆၁ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၂ ယောက်ပါဝင်ကာ ရန်ကုန်တိုင်းမှာ ၃၈၆ ယောက်အထိရှိခဲ့ပြီး ဖမ်းဆီးခံရမှု အများဆုံးရှိခဲ့ပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013