မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အစိတ်အပိုင်းအသီးသီးကို အသေးစိတ် ရေးဖွဲ့ခြယ်မှုန်းထားတဲ့ ‘အံ့စရာ့ဝင်္ကပါ’လို့ အမည်ပေးထားတဲ့ စာအုပ်ကို လတ်တလော ရေးသားထုတ်ဝေဖြန့်ချိထားတဲ့ စာရေးဆရာမ မသီတာ (စမ်းချောင်း) ကို DVB သတင်းဌာနမှ Bureau chief ဒေါ်မွန်မွန်မြတ်က တွေ့ဆုံမေးမြန်းထားပါတယ်။
ဒီစာအုပ်မှာ နိုင်ငံရဲ့အကျိုး၊ ပြည်သူလူထုရဲ့ အကျိုးထက်ပိုပြီး အာဏာကို အသုံးပြုပြီး ကိုယ်ကျိုးစီးပွားထူထောင်တဲ့ လက်မည်းကြီးတွေအောက်မှာ ‘ဝင်္ကပါ’ တခုလို ထွက်ပေါက်မဲ့ လမ်းပျောက်ခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်အကြောင်း စာရေးဆရာမ မသီတာ(စမ်းချောင်း)က ပြောပြပေးထားပါတယ်။
"အရင်က စစ်တပ်နဲ့ပတ်သက်ရင် သိပ်မသိဘူးပေါ့နော်။ သူသည် လှေကြီးပေါ်မှာ လှေငယ် ဆောက်သလို နိုင်ငံတခုထဲမှာ နောက်ထပ်နိုင်ငံတခုလိုမျိုး သီးခြားကမ္ဘာနဲ့ နေခဲ့တဲ့ ဘယ်လိုနည်းနဲ့ ဖြိုလို့မှမပြိုတဲ့ အဆောက်အအုံကြီးလို့ ထင်ရာကနေ အခုပြိုနေပုံဟာ အဝေးက ကြည့်မယ်ဆိုရင် ဒီလောက် မသိသာပေမဲ့ ကျမတို့အတွက်တော့ ဒီတံတိုင်းပြိုမှုကြီးက ပြန်ပြီးတော့ကို နာလန် မထူနိုင်တော့ဘူးဆိုတဲ့ အဆင့်အထိ ရောက်သွားပြီဆိုတာကို မြင်နေရတယ်ပေါ့နော်။ နောက်ဆုံး စစ်မှုထမ်းဥပဒေတို့ ဘာတို့နဲ့ ဒီတံတိုင်းကိုပြန်တည်ဆောက်ဖို့ ကြိုးစားပေမဲ့ အဆင်မပြေဘူး။ (ဒီနွေဦးတော်လှန်ရေးမှာ) ဒီတံတိုင်းကတော့ ကျမတို့ အတော်ကြီး ဖြိုလိုက်နိုင်ပြီပေါ့။ ကျားကန်ပေးမယ့်သူ မရှိနိုင်လောက်အောင် ဖြိုလိုက်နိုင်ပြီလို့ မြင်ပါတယ်။"
"အမှတ်လက္ခဏာတံတိုင်းတွေ မပေါ်ဖို့ဆိုရင် လူထုရဲ့ စိတ်ဝိညာဉ်တော်လှန်ရေး Vibe ကို ပြန်ပြီး အသုံးချစေချင်တယ်။ ဘယ်သူက ဘယ်လို ဇာတ်ကြောင်းပြောနဲ့ပဲ ပြောပြော လူသားဟာ လူသားပဲ၊ ကျန်တဲ့ အမှတ်လက္ခဏာတွေက အဓိကမကျဘူး။ လူသားရဲ့ အခြေခံလူသားရပိုင်ခွင့်တွေကို မူတည်ပြီးတော့ လူသားချင်းစာနာတတ်တဲ့ humanity ကို ဦးတည်ပြီးတော့ပဲ အရာရာကို ဆုံးဖြတ်မယ်။ ကျန်တဲ့ Identity လို့ခေါ်တဲ့ အမှတ်လက္ခဏာတွေကို ရှေ့တန်းမတင်ဘူး။ ကျားဖြစ်မှု၊ မ ဖြစ်မှု၊ ဘာလူမျိုးဖြစ်မှု၊ ဘယ်ဘာသာဝင်ဖြစ်မှုဆိုတဲ့ Identity တွေကို မေ့ထားပြီးတော့ အခြေခံကျတဲ့ လူသားရဲ့ ပင်မရင်းမြစ်ပေါ့။ ဒီဟာကိုပဲ စာနာမှုနဲ့တကွ ဆုံးဖြတ်ပြီးတော့ ရွေ့ကြမယ်ဆိုတဲ့စိတ်ကို လုပ်ပေးနိုင်တာက အစုအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ မဟုတ်ဘူးလို့ ကျမက ပြောချင်တယ်။ ဒါကိုလုပ်လို့မရဘူးဆိုတဲ့ ဆုံးဖြတ်ချက်သည် လူထုထဲက ပေါက်ဖွားလာဖို့ လိုတယ်။ ကျမတို့အရင်က ကြွေးကြော်ခဲ့တဲ့ “ငါတို့မှာ ငါတို့ပဲ ရှိတယ်” ဆိုတာရဲ့ အင်မတန်ပြင်းထန်တဲ့ ခိုင်မာတဲ့ စွမ်းအားပြင်းတဲ့ အနှစ်သာရက ဒါပဲလို့ မြင်တယ်။ ငါတို့ဆိုတာက ခုနက အမှတ်လက္ခဏာတွေ ဘာမှ မပါတဲ့ ငါတို့ပဲ။ ရိုးရိုးလူသားများက နောက်ထပ်လူသားများရဲ့ ကောင်းကျိုးအတွက်ပဲ ဦးတည်မယ့်ဟာကို သွားရင်တော့ ဒီတံတိုင်းဟာ မဖြစ်နိုင်တော့ဘူး။"
မေးမြန်းချက်အပြည့်အစုံ—