အာဆင်နယ်တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ရဲ့ ဇနီးကို အွန်လိုင်းကနေ စော်ကားပြောဆိုတဲ့ ဆယ်ကျော် သက်အရွယ်အမျိုးသား တယောက်ကို ဗြိတိန်ရဲတပ်ဖွဲ့ ဖမ်းဆီးလိုက် ပါတယ်။
အာဆင်နယ် တိုက်စစ်မှူးဟာ မန်ယူကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရူံးနိမ့်ခဲ့တဲ့အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ ဂိုးသွင်းခွင့်တွေ လွဲချော်ခဲ့ပြီးနောက် ဇနီးသည်ဖြစ်သူကို အင်စတာဂရမ်ကနေ စော်ကားပြောဆိုတာတွေရှိခဲ့တာပါ။
ဟာဗက်ဇ်ရဲ့ ဇနီး ဖြစ်သူဟာ ကိုယ်ဝန်လွယ်ထားရပြီး ကိုယ်ဝန်ပျက်ကျပါစေလို့ စာတိုပိုတဲ့အပြင် အသက်အန္တရာယ်ကိုပါခြိမ်းခြောက်တဲ့စာတွေ ပေးပိုခဲ့တာပါ။
ဖမ်းဆီးခံခဲ့ရတဲ့ သူဟာ အသက် ၁၇ နှစ်အရွယ်သာရှိ သေးပြီး မေးမြန်းစစ်ဆေးနေတယ်လို့ မြောက်လန်ဒန်မှာရှိတဲ့ ဟာ့ဖိုဒ်ရှီယာ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
ဟာဗက်ဇ်ရဲ့ ဇနီးဖြစ်သူ ဆိုဖီယာတိုဟာ ၂၀၁၈ ခုနှစ်က လက်ထပ်ခဲ့ကြပြီး ပြီးခဲ့တဲ့နိုဝင်ဘာလက ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
Photo: Reuters