ဒဏ်ရာရကစားသမားတချို့ ပြန်ကစားနိုင်တော့မယ်လို့ အာဆင်နယ်နည်းပြ အာတေတာက ပြောသွားပါတယ်။
အာဆင်နယ်အသင်းမှာ အားထားရတဲ့ တောင်ပံကစားသမား ဘူကာရိုဆာကာ အပါအဝင် တိုက်စစ်မှူး ဂျေဆု၊ အီသန်နွန်နရီ၊ နောက်ခံလူ ဆာလီဘာ၊ ကလာဖီအိုရီ၊ ဘန်ဝှိုက် အစရှိတဲ့ ကစားသမားတွေိ ဒဏ်ရာရရှိနေတာပါ။
လက်ရှိအချိန်မှာတော့ လူငယ်ကြယ်ပွင့် အီသန်နွန်နရီနဲ့ နောက်ခံလူ ကလာဖီအိုရီတို့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ပြီး ဆာလီဘာကတော့ ရက်သတ္တပတ်ခန့်အနည်းငယ် ဆက်ပြီး အနားယူရမယ်လို့ အာတေတာက ပြောပါတယ်။
တံကောက်ကြောဒဏ်ရာ ခွဲစိတ်ကုသထားတဲ့ ဆာကာရဲ့ အခြေအနေကတော့ တိုးတက်မှုတွေ ရှိလာပေမဲ့ အဆင့်တဆင့်ချင်းစီ ကျော်ဖြတ်သွားဖို့ လိုအပ်နေသေးကြောင်း နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်ဟာ ကြားရက်မှာကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ခရိုအေးရှားကလပ် ဒိုင်နမို ဇာဂရတ်နဲ့ တွေ့ဆုံနေပါတယ်။