
ချီလီနိုင်ငံ၊ လို့စ်ဆိုးစေ့စ်မြို့မှာ ဇန်နဝါရီ ၁၉ ရက်က အပြင်းအထန် လောင်ကျွမ်းတဲ့ တောမီးတခုကို ငြှိမ်းသတ်ခဲ့ရာမှာ မီးသတ်သမား ၃ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့ကနေ သိရပါတယ်။
ဒဏ်ရာအမျိုးမျိုးနဲ့ မီးသတ်သမားတွေကို ဆေးရုံပို့ဆောင်ပေးထားပြီး သူတို့ထဲက တယောက်ဟာ အခြေအနေ ပြင်းထန်တယ်လို့ ဆာဖိုနက် သစ်တောစီမံခန့်ခွဲမှုကုမ္ပဏီရဲ့ မန်နေဂျာ ဆီဘက်စတီးယန်း ဖွှမ်တယ်အာလ်ဘာက ပြောပါတယ်။
မီးလောင်မှုကြောင့် ဟက်တာ ၄၀၀ ကျော် မီးလောင်ခဲ့ပြီး အနီရောင်အဆင့် သတိပေးချက်နဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။
လမ်းကြမ်းတဲ့ မြေပြင်အနေအထားနဲ့ မတ်စောက်တဲ့ တောင်စောင်းတွေကြောင့် မီးသတ်သမားတွေဟာ မီးတောက်တွေအကြား ပိတ်မိခဲ့ရပါတယ်။
လုပ်ငန်းခွင်အခြေအနေတွေကို အကဲဖြတ်ဖို့နဲ့ အရေးပေါ်တုံ့ပြန်မှုတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ အာဏာပိုင်တွေကို စေလွှတ်ထားပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေ အင်အားထပ်တိုးပြီးတော့ ရေသယ်လေယာဉ်တွေနဲ့လည်း မီးငြှိမ်းသတ်ရေးကို ဆက်လက်လုပ်ဆောင်နေပြီး မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေက သေဆုံးသူတွေရဲ့ မိသားစုတွေကို ဝမ်းနည်းကြောင်း ပြောကြားပြီး ထောက်ပံ့ကူညီမှုတွေ ပေးအပ်ခဲ့ပါတယ်။
ချီလီနိုင်ငံဟာ လက်ရှိမှာ ခြောက်သွေ့တဲ့နွေရာသီနဲ့ ပူပြင်းတဲ့အပူချိန်ကို ကြုံတွေ့နေရပြီး ပြင်းထန်တဲ့ တောမီးရာသီကို မှန်းဆထားပါတယ်။
မနှစ် ၂၀၂၄ ခုနှစ်မှာ တောမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၁၃၀ သေဆုံးခဲ့ပါတယ်။
Source : Reuters