Home
မြန်မာသတင်း
ပုလောတွင် ဒေသခံ ၁၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရ
DVB
·
January 19, 2025

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရားတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့မှာ ဒေသတွင်းပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပါဒစက်တော်ရာဘုရားက စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ၂၃ ကြိမ် ခုခံတိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ဇန်နဝါရီ ၁၃ ရက်နေ့မှာ အင်အား ၈၀ လောက်နဲ့ စစ်ကြောင်းထိုးပြီး တပိုရွာက အိမ် ၃ လုံးနဲ့ ရာဘာခြံတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “စစ်ရှောင်တွေကလည်း အဝတ်တထည်ကိုယ်တခု ထွက်လာကြတာပါ။ အခုလက်ရှိမှာတော့ စားနပ်ရိက္ခာအခက်အခဲရှိတယ်။ ကူညီထောက်ပံ့မှုတွေလည်းမရကြပါဘူး” လို့ ပြောပါတယ်။

ကြဲရွာ၊ တပိုရွာနဲ့ စက်တော်ရွာက ဒေသခံအများစုစစ်ရှောင်နေရတာဖြစ်ပြီး နီးစပ်ရာကျေးရွာတွေမှာ စစ်ရှောင်နေရသလို နေရပ်ပြန်ရင်တောင်မှ စစ်ကောင်စီက ရာဘာခြံ ၆၇ ခြံကို မီးရှို့ခဲ့တာကြောင့် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာလည်း တပိုရွာခံ ၃ ယောက်ကို စစ်ကောင်စီက ခလရ ၁၇ တပ်ရင်းဆီ ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုအချိန်အထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013