တိုက်စစ်မှူး ဒါဝင်နူညက်ဇ်ဟာ ပြိုင်ဘက်အသင်းရဲ့ ၁၈ ကိုက်စည်းထဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်သူဖြစ်တယ်လို့ လီဗာပူးနည်းပြ အာနဲစလော့ကချီး ကျူးသွားပါတယ်။
နူညက်ဇ်ဟာ ဘရန့်ဖို့ဒ်ကို အနိုင်ရတဲ့ပွဲစဉ်မှာ လူစားဝင်ကစားပြီး အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးစလုံး သွင်းယူပေးခဲ့တာပါ။
နူညက်ဇ်ကို လူစားဝင်ကစားစေတဲ့အချိန်တိုင်းမှာ အသင်းအတွက် အကျိုးသက်ရောက်မှုရှိစေပြီး နူညက်ဇ်ဟာ ၁၈ ကိုက်စည်းထဲမှာ အကောင်းဆုံးစွမ်းဆောင်နိုင်သူဖြစ်ကြောင်း နည်းပြ စလော့ကပြော ပါတယ်။
လီဗာပူးအသင်းရဲ့ ကစားပုံအရ နောက်ဆုံးမိနစ် ၃၀ လောက်က ပြိုင်ဘက်အသင်းရဲ့ ၁၈ ကိုက်စည်း ထဲမှာ အများဆုံးယှဉ်ပြိုင်ကစားရတာကြောင့် ဒီလိုအချိန်မှာ နူညက်ဇ်လို တိုက်စစ်မှူးရှိနေတာက အသင်းအတွက် ရွေးချယ်စရာတခုဖြစ်ကြောင်း နည်းပြစလော့က ပြောသွားပါတယ်။