Home
နိုင်ငံတကာ
ပထမဆုံး ဓားစာခံများကို တနင်္ဂနွေနေ့၌ ပြန်လွှတ်ပေးရန် မျှော်လင့်ဟု နေတန်ယာဟု ပြော
DVB
·
January 18, 2025
Photo-Reuters

ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဟားမတ်စ်အဖွဲ့ဟာ ပထမဆုံး ဓားစာခံတွေကို တနင်္ဂနွေနေ့မှာ လွှတ်ပေးဖို့ မျှော်လင့်ထားကြောင်း ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုရဲ့ ရုံးက ဇန်နဝါရီ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

“လုံခြုံရေးဝန်ကြီးအဖွဲ့နဲ့ အစိုးရရဲ့ အတည်ပြုချက်ကို ဆိုင်းငံ့ထားပြီး သဘောတူညီချက်က အသက် ဝင်ပြီဆိုရင် ဓားစာခံတွေကို တနင်္ဂနွေနေ့မှာ ပြန်လွှတ်ပေးဖို့ မျှော်လင့်ထားတဲ့ အစီအစဉ် အတိုင်း ဓားစာခံတွေ လွတ်မြောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်”လို့ နေတန်ယာဟုရဲ့ ရုံးခန်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အစ္စရေးအစိုးရအဖွဲ့ဟာ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် ဟားမတ်စ်အဖွဲ့နဲ့ သဘောတူညီချက်အတွက် အပြီးသတ် အတည်ပြုချက်ပေးဖို့ တွေ့ဆုံမှာ

ဖြစ်ကြောင်း နေတန်ယာဟုရဲ့ရုံးခန်းက သောကြာနေ့မှာ ပြောဆိုပါတယ်။ 

ဝန်ကြီးတွေအကြား ကာလကြာရှည် သဘောထားကွဲလွဲမှုတွေနဲ့အတူ အစိုးရအဖွဲ့က သဘော တူညီချက်ကို မဲခွဲဆုံးဖြတ်ဖို့  မျှော်လင့်ထားချိန်မှာ ဇန်နဝါရီ ၁၆ ရက်မှာ လုပ်မယ့် အစည်းအဝေး တွေကို အစ္စရေးက ရွှေ့ဆိုင်းလိုက်ပြီး ဒီကြန့်ကြာနေမှုအတွက် ဟားမတ်စ်ကို အပြစ်တင်ခဲ့ပါတယ်။ ဟားမတ်စ်က သဘောတူညီချက်အတွက် ကတိကဝတ်ပြုကြောင်း ပြောဆိုခဲ့ပါတယ်။

တကယ်လို့ အပစ်အခတ်ရပ်စဲရေး အောင်မြင်ပြီဆိုရင် ဂါဇာကမ်းမြောင်ဒေသမှာ လူပေါင်း ၄၆၀၀၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း ၂ ဒသမ ၃ သန်းလောက် အကြိမ်ကြိမ် နေရာ ရှောင်ပြေးခဲ့ရတဲ့ တိုက်ပွဲတွေ ရပ်သွားမှာဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောကြားခဲ့ပြီး ဒီသဘော တူညီချက်ကို နှောင့်နှေးစေမှာကို စိုးရိမ်နေကြနေတာလည်း ဖြစ်ပါတယ်။ 

သောကြာနေ့အစောပိုင်းကတော့ နေတန်ယာဟုရဲ့ ရုံးခန်းက အတည်ပြုချက် ရရှိဖို့ နီးကပ်လာပြီ ဖြစ်ကြောင်းနဲ့ နောက်ပိုင်းမှာကျင်းပမယ့် သဘောတူညီချက်ကို အတည်ပြုဖို့အတွက် အလုံးစုံ အစိုးရ အဖွဲ့အစည်းအဝေး မတိုင်ခင် ကန့်သတ် လုံခြုံရေးဝန်ကြီးအဖွဲ့ဟာ သောကြာနေ့ မနက်ပိုင်းမှာ အစည်းအဝေး စတင်ခေါ်ယူခဲ့ပါတယ်။ 

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013