
ဥရောပအလယ်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ စလိုဗက်သမ္မတနိုင်ငံရဲ့ မြောက်ပိုင်း ပရက်ရှို့ဗ် ဒေသရှိ အထက်တန်းကျောင်းတကျောင်းမှာ ကျောင်းသားတယောက်က ဓားနဲ့တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့ကြောင်း အရေးပေါ်ဌာနက ဇန်နဝါရီ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကေ့ရှ်မားရော့ခ် ခရိုင်ရှိ စပိရှ်စကာ စတာရာဗက်စ် မြို့ငယ်လေးမှာ အသက် ၁၈ နှစ်အရွယ် ကျောင်းသားတယောက်က ဆရာတယောက်နဲ့ အတန်းဖော် ၂ ယောက်တို့ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အနည်းဆုံး လူ ၂ ယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖေ့စ်ဘွတ်ခ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ တရားခံကို ဖမ်းမိထားတယ်လို့လည်း ဆိုပါတယ်။
အရေးပေါ်ဝန်ဆောင်မှုဌာနက ဝန်ထမ်းအများအပြားကို အခင်းဖြစ်ပွားရာကျောင်းကို စေလွှတ်ထားကြောင်း စလိုဗက် အရေးပေါ်ဝန်ဆောင်မှုဌာန ပြောရေးဆိုခွင့်ရှိသူ ဒန်ကာ ကာပါကိုဗာက ရိုက်တာကို ပြောကြားခဲ့ပါတယ်။
အရေးပေါ် ဆေးဝန်ထမ်း အများအပြားလည်း အခင်းဖြစ်ပွားရာ နေရာကို ရောက်ရှိခဲ့ကြောင်း TA3 ရုပ်သံဌာနက ဖော်ပြခဲ့ပါတယ်။
Source : Reuters