Home
နိုင်ငံတကာ
တရုတ်နိုင်ငံ လူဦးရေ ၃ နှစ်ဆက်တိုက် ကျဆင်း
DVB
·
January 17, 2025
Photo : CCTV

တရုတ်နိုင်ငံရဲ့ လူဦးရေဟာ ၃ နှစ်ဆက်တိုက် ကျဆင်းခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

သေဆုံးစာရင်းက မွေးဖွားစာရင်းထက် အနည်းငယ်ပိုများခဲ့တာဖြစ်ပြီး လာမယ့်နှစ်တွေမှာလည်း အခုလိုမျိုး လူဦးရေတိုးနှုန်း ကျဆင်းမယ်လို့ ပညာရှင်တွေက ခန့်မှန်းနေကြပါတယ်။

အမျိုးသားအချက်အလက်ရုံးရဲ့ ဖော်ပြချက်အရ တရုတ်နိုင်ငံဟာ ၂၀၂၃ ခုနှစ်မှာ ၁ ဒသမ ၄၀၉ ဘီလီယံကနေ ၂၀၂၄ ခုနှစ်မှာ ၁ ဒသမ ၄၀၈ ဘီလီယံအထိရှိကာ လူဦးရေ ၁ ဒသမ ၃၉ မီလီယံ လျော့ကျတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံဟာ အလုပ်သမားလိုအပ်ချက်နဲ့ သုံးစွဲသူ လိုအပ်ချက်ကြောင့် အခက်အခဲတွေ့နေကြောင်း အချက်အလက်တွေက ဖော်ပြနေပါတယ်။

သက်ကြီးရွယ်အိုများကို စောင့်ရှောက်စရိတ် ကြီးမြင့်မှုနဲ့ အနားယူချိန်ပေးရတဲ့ အကျိုးခံစားခွင့်တွေကလည်း ပြည်တွင်းအုပ်ချုပ်သူတွေကို ကြွေးမြီတိုးစေပါတယ်။

တရုတ်နိုင်ငံမှာ စုစုပေါင်း ကလေးမွေးဖွားမှု ၉ ဒသမ ၅၄ သန်းကို ၂၀၂၃ ခုနှစ်က ကလေးမွေးဖွားမှု ၉ ဒသမ ၀၂ သန်းနဲ့ ယှဉ်ပြီး စာရင်းရုံးက ထုတ်ပြန်ခဲ့တာပါ။

၂၀၂၃ ခုနှစ်မှာ သေဆုံးသူက ၁၁ ဒသမ ၁ သန်းရှိပြီး ၂၀၂၄ ခုနှစ် သေဆုံးသူ ၁၀ ဒသမ ၉၃ သန်းရှိတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်က လူ ၁,၀၀၀ မှာ သေဆုံးနှုန်း ၆ ဒသမ ၃၉ ရာခိုင်နှုန်းရှိပြီး ၂၀၂၄ ခုနှစ်က လူ ၁,၀၀၀ မှာ ၆ ဒသမ ၇၇ ရာခိုင်နှုန်း ရှိတယ်လို့ နှိုင်းယှဉ်ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာခြင်းက ၁၉၈၀ ကနေ ၂၀၁၅ ခုနှစ်အထိ ကလေးတယောက်သာ ယူရမယ့် ပေါ်လစီရဲ့ ရလဒ်ကြောင့်ဖြစ်တယ်လို့ ဆိုကြသလို တောဒေသတွေက အလျင်အမြန် မြို့ကြီးတွေအဖြစ် တိုးတက်လာတာကြောင့်လို့လည်း ဆိုပါတယ်။

ကလေးစရိတ်ကြီးမြင့်ခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းနဲ့ စီးပွားရေးတိုးတက်မှု နှေးကွေးတာကြောင့် တရုတ်လူငယ်တွေဟာ အိမ်ထောင်ပြုရမှာနဲ့ မိသားစုဘဝ စတင်ရမှာကို တားမြစ်သလို ဖြစ်နေပါတယ်။

တရုတ်နိုင်ငံရဲ့ လက်ထပ်မှုနှုန်းဟာ ၂၀၂၃ ခုနှစ်မှာ ၁၂ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပေမဲ့ ၂၀၂၄ ခုနှစ် ကလေးမွေးဖွားမှုနှုန်းကတော့ လျော့ကျခဲ့တာပါ။

ကိုဗစ်-၁၉ ကြောင့် ၂၀၂၃ ခုနှစ်မှာ လက်ထပ်မှုနှုန်း တိုးလာပေမဲ့ ကလေးမွေးဖွားနှုန်းက တနှစ်ထက်တနှစ် ပိုပြီး လျော့ကျခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ အသက် ၆၀ နဲ့အထက် အလုပ်ကနေ အနားယူထားတဲ့ လူဦးရေ သန်း ၂၈၀ ရှိပြီး ၂၀၃၅ ခုနှစ်မှာ သန်း ၄၀၀ အထိ တိုးလာမယ်လို့ ခန့်မှန်းရပါတယ်။

ဒါ့ကြောင့် ပင်စင်ပေးမှု ရန်ပုံငွေဟာ ၂၀၃၅ ခုနှစ်မှာ ကုန်မှာဖြစ်တယ်လို့လည်း တရုတ်သိပ္ပံတက္ကသိုလ်က ပြောပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013