Home
မြန်မာသတင်း
တရားမဝင်မြန်မာ ၂၄ ဦးကို ထိုင်းရဲဖမ်းဆီး  
DVB
·
January 17, 2025
Photo-Police TV

ထိုင်းမြောက်ပိုင်း၊ ဖိကျစ်ခရိုင်ထဲမှာ ပွဲစားကို တယောက်လျှင် ဘတ် ၃၀၀၀၀ စီပေးပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၄ ယောက် ဖမ်းဆီးခံရတယ်လို့ Police TV  ထိုင်းရဲတပ်ဖွဲ့ မီဒီယာမှာ ဖော်ပြပါတယ်။ 

နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရတာ ကြောင့်  အဝေးပြေးလမ်းတာဝန်ကျရဲတပ်ဖွဲ့တွေဟာ ဇန်နဝါရီ ၁၇ ရက် ဒီမနက်က ဖိကျစ်ခရိုင် ထပ်ခေါ့မြို့နယ် ခေါဝ်ဆိုင်ရပ်ကွက်အပိုင်းရှိ  အဝေးပြေးလမ်းမကြီးပေါ်က ယာဉ်သွား ယာဉ်လာတွေကို စောင့်ကြပ်စစ်ဆေးခဲ့ပါတယ်။ 

အဲဒီနောက် နယ်မြေထဲမောင်းဝင်လာတဲ့ တိုယိုတာ ဟိုင်းလပ်စ်ကား ၂ စီးကိုပါ စစ်ဆေးဖို့ တားဆီးခဲ့စဉ် ထွက်ပြေးဖို့ကြိုးစားပေမဲ့ နောက်ဆုံးတော့ ဖမ်းမိသွားခဲ့တယ်။ 

ကား ၂ စီးပေါ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၄ ယောက် လိုက်ပါလာတယ် ၊ ယာဉ်မောင်း ၂ ယောက်က  ချင်းမိုင်မြို့မှာနေထိုင်သူ စိုင်းဟန်အောင်နဲ့ စိုင်းအောင် တို့ဖြစ်ပြီး  သူတို့ဟာ အဲဒီအလုပ်သမားတွေကို ထိုင်းအလယ်ပိုင်း ဆရာပူရီခရိုင်ကို ပို့ဆောင်ပေးဖို့ တယောက် ဘတ် ၃၀,၀၀၀ နှုန်းနဲ့ အခကြေးငွေယူပြီး  ချင်းမိုင်ကနေ တင်ဆောင်လာခဲ့ကြောင်း ဝန်ခံသွားပါတယ်။ 

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်သူတွေ စားဝတ်နေရေးအခက်အခဲ၊ လုံခြုံရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရလို့  အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်စား သောက်ဖို့ ကြိုးစားရာမှာ ဥပ‌ဒေနဲ့ မညီညွတ်တဲ့အတွက်  အခုလိုဖမ်းဆီးခံရတာပါ။ 

Source: Police TV 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013