Home
မြန်မာသတင်း
ရန်ကုန်တွင် YBS ကားပေါ်  လူငယ်အချို့ကို ဖမ်းဆီး ပေါ်တာဆွဲ
DVB
·
January 17, 2025

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ထဲ မောင်းနှင်နေတဲ့ YBS 27 ပေါ်မှာ ဇန်နဝါရီ ၁၅ ရက်၊ ညနေ ၅ နာရီ ၃၅ မိနစ်လောက်က လူငယ် ၃ ယောက်ကို စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်ရဲတွေက လက်ထိပ်ခတ်ဖ မ်းဆီးသွားတယ်လို့ Rangoon Scout Network RSN က ပြောပါတယ်။

YBS 27 ဟာ တာမွေဘက်ကနေ သင်္ဃန်းကျွန်းဘက်ကို မောင်းနှင်လာတာဖြစ်ပြီး ကျိုက္ကဆံဘုရားမှတ်တိုင်အရောက်မှာ အိမ်စီးကားတစီးက YBS ရှေ့ ပိတ်ရပ်ခဲ့ပါတယ်။

RSN အဖွဲ့ သတင်းပြန်ကြားပေးသူတယောက်က “လူငယ် ၃ ဦးမှာ တဦးက အပေါ်အောက် အမည်းရောင် ဝတ်ထားပါတယ်။ ထပ်သိရတာက ကောင်လေး ၃ ယောက်စီးတဲ့ ကားပေါ်မှာ အရပ်ဝတ် ခပ်ဝဝ တဦးပါတယ်။ ကျိုက္ကဆံမှတ်တိုင်မှာ ၁ ဦး ထပ်တက်လာတယ်။ ဘုရားနဲ့ မှတ်တိုင်ကြားမှာ အဲဒီနှစ်ယောက်က ကောင်လေးတွေကို ဝင်ဖမ်းတာ” လို့ ပြောပါတယ်။

အဆိုပါ အိမ်စီးကားပေါ်ကနေ YBS ကားပေါ်ပါ လူငယ် အမျိုးသား ၂ ယောက်ကို ဆွဲချရိုက်နှက်တဲ့အပြင် နောက်ထပ် လူငယ်တယောက်ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်ေ

မြို့ခံတယောက်က “ကားပေါ်မှာ ဒီလိုမျိုး ဖမ်းတာက အခုမှ ကြားဖူးတာ။ အဲ့နားက လူတော့မပြတ်ဘူး။ ညနေပိုင်းဆို လူစည်တယ်။ တခြားနေရာတွေမှာ ပေါ်တာဆွဲတာတော့ ကြားပါတယ်။ လူငယ်တွေကို မှာချင်တာက မလိုအပ်ဘဲ မထွက်ဖို့နဲ့ သွားမယ့်နေရာတွေကို အိမ်က တဦးဦးကို ပြောပြထားခဲ့ဖို့ပါ” လို့ ဆိုပါတယ်။

ကားပေါ်မှာ လူငယ်တွေ ဖမ်းဆီးခံရမှုဖြစ်စဉ်နဲ့ပတ်သက်လို့ YBS 27 ကို ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

RSN အဖွဲ့ရဲ့ ဇန်နဝါရီ ၁ ရက်ကနေ ဇန်နဝါရီ ၁၄ ရက်အထိ ကင်းထောက်မှတ်တမ်းအရ ရန်ကုန်မှာ စစ်မှုထမ်းအတွက် လိုက်လံဖမ်းခံရသူတွေ၊ လမ်းပေါ် ပေါ်တာဆွဲခံရသူတွေနဲ့ မြို့ပြတော်လှန်ရေးအဖွဲ့ဝင်တချို့ အပါအဝင် စုစုပေါင်း ဖမ်းဆီးခံထားရသူ ၁၉၀ ကျော်ရှိပြီလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013