မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အဖွဲ့ဝင်တွေဟာ ဘောလ်တစ်ပင်လယ်ထဲက ရုရှားရဲ့ ပိတ်ဆို့ဒဏ်ခတ်ခံ ကုန်စည်တွေကို မှောင်ခိုကုန်ကူးရာမှာ သုံးတဲ့ သင်္ဘောအုပ်စုတွေကို ပစ်မှတ်ထားရင်း ဒေသတွင်း အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေကို ကာကွယ်ဖို့ ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် ပိတ်ဆို့အရေးယူနေတယ်လို့ ဂျာမန်အဓိပတိ အိုလာ့ဖ် ရှို့လ်ဇ်က ဇန်နဝါရီ ၁၄ ရက်မှာ ပြောပါတယ်။
ဖင်လန်နိုင်ငံ မြို့တော် ဟယ်လ်စင်ကီမှာ NATO ခေါင်းဆောင်တွေ တွေ့ဆုံပွဲအတွင်း ရှို့လ်ဇ်က သတင်းထောက်တွေကို ပြောလိုက်တာပါ။
“သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေတဲ့ သင်္ဘောတွေနဲ့ သင်္ဘောကုမ္ပဏီတွေ အပါအဝင် နောက်ဆက်တွဲ ဖြစ်နိုင်တဲ့ ပိတ်ဆို့အရေးယူမှုတွေ အပါအဝင် ရုရှားရဲ့ မှောင်ခိုသင်္ဘောအုပ်စုကို ဆက်အရေးယူသွားမှာပါ” လို့ ရှို့လ်ဇ်က ပြောခဲ့ပါတယ်။
Source: Reuters