နိုရိုဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက် ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မယ်လမမြို့မှာ ရွှေ့ပြောင်းအလုပ်သမားကလေးတွေနဲ့ မိခင်တွေကို ထိုင်းစစ်တပ်၊ ထိုင်းကြက်ခြေနီနဲ့ ကျန်းမားရေး ဌာန တာဝန်ရှိသူတွေက ဇန်နဝါရီ ၁၃ ရက်မှာ ပညာပေးလုပ်ငန်းတွေ ကွင်းဆင်း ဆောင်ရွက် ပေးသွားပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ နိုရိုဗိုင်းရပ်စ်ရောဂါ ကူးစက်မှုတွေ မကြာခဏ တွေ့ရှိတဲ့အတွက် တောင်ယာ လုပ်သား၊ ခြံလုပ်သား၊ တခြားရွေ့ပြောင်းအလုပ်သမားတွေနဲ့ မီခိုမိသားစုတွေ အတွက် ထိုင်းကျန်းမာရေးဌာနက ပညာပေးနေတာ ဖြစ်ပါတယ်။
ရောဂါဖြစ်ပွားနေတဲ့ ကလေးငယ်တွေကို ဦးစားပေး ကုသပေးမှာဖြစ်ပြီး နိုရိုဗိုင်းရပ်စ်ကူးစက် ခံရပါက အချိန်မီ ဆေးခန်း ဆေးရုံနဲ့ ကျန်းမာရေးကုသရာဌာနတွေကို အမြန်ဆုံး ပို့ဆောင် ဆေးကုသမှု ခံယူကြဖို့လည်း ထိုင်းကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းသွားပါတယ်။