Home
သတင်းဓာတ်ပုံ
ဆီဆိုင်စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာနှင့် အသုံးအဆောင်များ အရေးပေါ်လိုအပ်နေ (ဓာတ်ပုံ)
DVB
·
January 14, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အရှေ့ဘက် စစ်ရှောင်စခန်းတခုမှာ စားနပ်ရိက္ခာ၊ စောင်၊ အနွေးထည်နဲ့ သောက်သုံးရေတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီသူတယောက်က ပြောပါတယ်။

အဲဒီစစ်ရှောင်စခန်းမှာ လူဦးရေ ၁၀၀ နီးပါးရှိပြီး ခိုဖွန်းရွာသားတွေဖြစ်ကာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်အများစု ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့က ရေ၊ စားနပ်ရိက္ခာ၊ မိုးကာ၊ စောင် ဒါတွေလိုအပ်တယ်။ တချို့ နာတာရှည်လူတွေအတွက် စွဲသောက်ရတဲ့ ဆေးဝါး လိုအပ်တယ်။ သူတို့ ရေလည်း အခက်အခဲရှိတယ်။ ရေက ရှားတယ်။ တကယ်ကို အရေးပေါ် လိုအပ်နေတာ။”

အဲဒီစစ်ရှောင်စခန်းရောက်ဖို့ ဆန်၊ ဆီတွေကိုလည်း စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ဂိတ်တွေက အကန့်အသတ်နဲ့သာ သယ်ခွင့်ပေးထားလို့ စစ်ရှောင်တွေ ပိုအခက်အခဲဖြစ်ရတယ်လို့ ပြောပါတယ်။

စစ်ရှောင်ကူညီသူက “အဲဘက်တကြောဆို လူတယောက်ကို ဆန်အိတ်လိုက် သယ်လို့မရဘူး။ လူတယောက်ကို နှစ်ပြည်ပဲပေးသယ်တယ်။ ဆီဆိုလည်း ၅၀ သားပဲ ပေးသယ်တယ်။ ပုံပြီးသယ်ခွင့်မပေးဘူး” လို့ ဆက်ပြောပါတယ်။

ဆီဆိုင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀,၀၀၀ နီးပါး ဘေးကင်းရာ တောတောင်ထဲ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013