Home
မြန်မာသတင်း
မန္တလေးတွင် ရဲလိုင်းခန်းမီးလောင်
DVB
·
January 11, 2025

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်က တိုင်းအကူရဲတပ်ဖွဲ့ရဲ့ ရဲလိုင်းခန်း ဇန်နဝါရီ ၁၀ ရက် မနက် ၁၀ နာရီလောက်က မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

လမ်း ၃၀ နဲ့ ၆၈ လမ်း ၆၉ လမ်းကြားမှာ မီးမလာတာကြောင့် ဂက်စ်မီးဖိုနဲ့ ဟင်းချက်ရာကနေ မန္တလေး၊ တိုင်းအကူရဲတပ်ဖွဲ့ပိုင် သွပ်မိုး၊ ပျဉ်ကာ ၄ ခန်းတွဲ အဆောင် ၂ ခုစလုံး မီးကူးစက်လောင်သွားခဲ့တာ ဖြစ်ပါတယ်။

မြို့ခံတယောက်က “ဝါယာရှော့ခ်မဟုတ်ပါဘူး။ ဂက်စ်နဲ့ ဟင်းချက်ရင်းလောင်တာ။ ထိခိုက်မိသူ မရှိပါဘူး။ အားလုံးပေါင်း အခန်း ၈ ခန်း လောင်သွားတယ်။ ဟင်းချက်တဲ့သူ အဖမ်းခံရတယ်။ ရဲတော့ မဟုတ်ဘူး မိသားစုဝင်” လို့ ပြောပါတယ်။

မီးလောင်မှုကို level 1 အဆင့်မီးသတ်ယာဉ် အုပ်စုတွေနဲ့ သက်ဆိုင်ရာမီးသတ်၊ အရပ်ဘက်အသင်းတွေ လာရောက်ငြှိမ်းသတ်ခဲ့ကြလို့ မနက် ၁၀ နာရီ ၃ မိနစ်မှာ မီးငြိမ်းသွားပါတယ်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘဲ မီးစလောင်တဲ့အိမ်က လိုင်းခန်းနေ အမျိုးသား ၁ ယောက်ကို မီးပေါ့ဆမှုနဲ့ ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက် ညနေပိုင်းကလည်း ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်၊ ၁၁၂ လမ်းနဲ့ ၅၉ လမ်းကြားမှာ ဆိုင်ကယ်အရောင်းဆိုင်အပါအဝင် အိမ် ၃ လုံး မီးလောင်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013