အမေရိကန်ပြည်ထောင်စုဟာ ဗင်နီဇွဲလား ရေနံနဲ့ သဘာဝဓာတ်ငွေ့အပေါ် နောက်ထပ် ပိတ်ဆို့ အရေးယူမှုတွေ ဖြစ်နိုင်ခြေကို စုံစမ်းစစ်ဆေးနေကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ဇန်နဝါရီ ၁၀ ရက် မှာ ပြောကြားခဲ့ပါတယ်။
အစိုးရဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကျင့်သုံးဖို့မှာ ချီတုံချတုံဖြစ်နေရတဲ့ အကြောင်းရင်းကို သတင်းထောက်က မေးမြန်းမှုအပေါ် ဘိုင်ဒန်က အဲဒီလို ကျင့်သုံးရင် ဘာသက်ရောက်မှု ရှိနိုင်မလဲ၊ အီရန်က ဒါမှမဟုတ် တခြားတနေရာရာနဲ့ အစားထိုးဖို့ ရှိ မရှိ ဆိုတာ စုံစမ်းနေဆဲဖြစ်ကြောင်း ဘိုင်ဒန်က ဖြေကြားပါတယ်။
သမ္မတ ဖြစ်သင့်တဲ့သူနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့တာ ကြာလှပြီဖြစ်ပြီး ဘာဖြစ်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မဖြေနိုင်သေးကြောင်းနဲ့ သူ့မှာ အချိန်ပိုရရင် ဒါကို ကောင်းကောင်း လုပ်နိုင်ပေမဲ့ ဆုံးဖြတ်ချက်ချဖို့က လုံလောက်တဲ့အချက်အလက် မရှိဘူး လို့လည်း ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဇန်နဝါရီ ၁၀ ရက်မှာ ဗင်နီဇွဲလားအရာရှိ ၈ ဦး အပေါ် ပိတ်ဆို့ အရေးယူမှု အသစ်တွေ ချမှတ်ခဲ့ပြီး မနှစ်က အငြင်းပွားခဲ့တဲ့ ရွေးကောက်ပွဲအပြီး သမ္မတ မာဒူရိုရဲ့ တတိယအကြိမ်မြောက် ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့မှာပဲ သမ္မတ နီကိုးလပ်စ် မာဒူရိုကို ဖမ်းဆီးမှုအတွက် ဆုငွေ ကမ်းလှမ်းမှုကို ဒေါ်လာ ၂၅ သန်းအထိ တိုးမြှင့်လိုက်ပါတယ်။
ဒါဟာ အာဏာရ ဆိုရှယ်လစ်ပါတီနဲ့ အိုပက် နိုင်ငံရဲ့ အတိုက်အခံတွေ ၂ ဖက်စလုံးက အနိုင်ရကြောင်း အပြိုင်အဆိုင် ငြင်းခုန်နေကြတဲ့ ဇူလိုင်လ မဲခွဲ ဆုံးဖြတ်ပြီးနောက်မှာ မာဒူရို အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ သက်တမ်းကုန် ဘိုင်ဒန်အစိုးရက ပြစ်ဒဏ်ချမှတ်မှုတွေအတွင်း နောက်ဆုံးအရေးယူချက် ဖြစ်ပါတယ်။
အမေရိကန်ဟာ ပိတ်ဆို့အရေးယူမှုအသစ်တွေကို ထုတ်ဖော်ပေခဲ့ပေမယ့် အမေရိကန် ရေနံကုမ္ပဏီကြီး ရှီဗရွန်း နဲ့ ဗင်နီဇွဲလားလုပ်ငန်းတွေအတွက် တခြားကုမ္ပဏီတွေကို အရင် ပေးထားပြီးသား အမေရိကန်ခွင့်ပြုချက်တွေကိုတော့ ပြန်ရုပ်သိမ်းခြင်း မပြုဘဲ ရပ်တန့်ခဲ့ပါတယ်။
ဝါရှင်တန်က အခြေအနေကို ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်ပြီး အဲဒီလိုင်စင်တွေရဲ့ အနာဂတ် နဲ့ပတ်သက်ပြီး နောက်တက်လာတော့မယ့် ဒေါ်နယ်လ်ထရမ့်ပ် အစိုးရအဖွဲ့ကို အကြံပြုချက်တွေ ပြုလုပ်နိုင်တယ်လို့ အမေရိကန် အကြီးတန်းအရာရှိ တဦးက ပြောပါတယ်။
Source : Reuters