Home
မြန်မာသတင်း
ကျောက်တော်မြို့က လူစည်ကားရာနေရာကို စစ်ကောင်စီဗုံးကြဲ
DVB
·
January 11, 2025
ဗုံးကြဲခံရသည့်ကျောက်တော် အလယ်ကျွန်းရွာကိုတွေ့ရစဉ်

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင်းက လူနေထူထပ်တဲ့ ရပ်ကွက်နဲ့ ဈေးထဲကို ဒီကနေ့ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေသေဆုံးခဲ့တယ်လို့ AA က သတင်းထုတ်ပြန်လာပါတယ်။

လူနေထူထပ်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဂျက်တိုက်လေယာဉ်တွေနဲ့ ၃ ကြိမ်တိတိ ဗုံး ၁၅ လုံးလောက် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားပြည်သူ တချို့သေဆုံးဒဏ်ရာရခဲ့တယ်လို့ AA က ဆိုပါတယ်။

ဒီဖြစ်စဉ်ကြောင့် ထိခိုက်သေဆုံးသူများပြီး အရေအတွက်ကိုတော့ အတည်ပြုလို့မရသေးဘူးလို့ ဒေသခံတယောက်ကလည်း DVB ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့ကလည်း AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကတိုက်ခိုက်ခဲ့လို့ အရပ်သား ၄၁ ယောက် သေဆုံး၊ ၅၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၅၀၀ ကျော်ပျက်စီးခဲ့ပါတယ်။

ရခိုင်ပြည်နယ်က အရပ်သား ၄၀ ကျော် အစုလိုက်အပြုံလိုက်သေကြေအောင် လေကြောင်း တိုက်ခိုက်တဲ့ဖြစ်စဉ်ဟာ သူရဲဘောကြောင်ပြီး အလုံးစုံပျက်သုဉ်းရေးကို ဦးတည်နေတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခက တုံ့ပြန်ပြောဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013