မန်ယူအသင်းဟာ တိုက်စစ်ကစားသမား အာမတ်ဒီယယ်လိုကို ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပါတယ်။
အသက် ၂၂ နှစ်ရှိ အိုင်ဗရီကို့စ် တောင်ပံတိုက်စစ်ကစားသမားဟာ အသင်းရဲ့ ခက်ခဲနေချိန်ကာလမှာ သွင်းဂိုးတွေနဲ့အတူ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့လို့ မန်ယူအသင်းက စာချုပ်သက်တမ်းတိုးမြှင့်ပြီး ဂုဏ်ပြုခဲ့တာပါ။
စာချုပ်သက်တမ်းတိုးခွင့်ရလို့ ဂုဏ်ယူမိပြီး အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတချို့ ပြသနိုင်ခဲ့ပြီးဖြစ်ပေမဲ့ အခုထက်ပိုပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ထပ်ပြီး လုပ်ဆောင်ပြရဦးမယ်လို့ အာမတ်က ပြောပါတယ်။
အာမတ်ဟာ ၂၀၂၁ ခုနှစ်က အတ္တလန္တာကနေ ပေါင် ၁၈ သန်းကျော်နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး စုစုပေါင်းပွဲ ၅၀ ကစားအပြီးမှာ ၉ ဂိုး သွင်းယူထားပါတယ်။