Home
နိုင်ငံတကာ
Rolls-Royce က ကားထုတ်လုပ်ရေးလုပ်ငန်းတွင် ဒေါ်လာ သန်း ၃၇၀ ကျော် ရင်းနှီးမြှုပ်နှံမည်
DVB
·
January 9, 2025
Photo : Reuters / Rolls-Royce

ဗြိတိန်ဇိမ်ခံကား ထုတ်လုပ်တဲ့ Rolls-Royce က ကားထုတ်လုပ်ရေးလုပ်ငန်းမှာ ဒေါ်လာ ၃၇၆ သန်း ရင်းနှီးမြှုပ်နှံမယ်လို့ ဇန်နဝါရီ ၈ ရက်မှာ ပြောပါတယ်။

High-end Client တွေအတွက် ရွှေရုပ်တုတွေကနေ ကမာကောင်တွေနဲ့ အလှဆင်ထားတဲ့ အနုပညာလက်ရာတွေအထိ ဇိမ်ခံကားတွေမှာ စိတ်ကြိုက်ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

ချမ်းသာတဲ့ သုံးစွဲသူတွေက ကားအစိတ်အပိုင်းတွေကို ကိုယ်ပိုင်စတိုင်နဲ့ ဖန်တီးနိုင်ဖို့ Rolls-Royce က ဝန်ဆောင်မှုကို အဆင့်မြှင့်တင်မှာ ဖြစ်ပါတယ်။

၂၀၂၄ တနှစ်တည်းမှာပဲ BMW ပိုင် Rolls-Royce က  ၁၈ ကာရက် ရွှေရုပ်တု အပါအဝင် တယောက်ချင်းအတွက် သစ်သားနဲ့ဖန်တီးထားတဲ့ ကျွန်းကွက်ဒီဇိုင်း ၅၀၀ နဲ့ ဟိုလိုဂရက်ဖစ် ဆေးချယ်ခြင်း၊  စတင့်ဒီဇိုင်း ၈ သိန်းကျော် ပြုလုပ်ခဲ့ရတဲ့အကြောင်း ပြောပါတယ်။

Rolls-Royce က ကားထုတ်လုပ်ရာဌာနချုပ်ဖြစ်တဲ့ Goodwood Plant မှာ သုံးစွဲသူတွေအတွက် Bespoke ဝန်ဆောင်မှု၊ Coachbuild Program တို့နဲ့ ဝန်ဆောင်မှုတွေ တိုးချဲ့မှာဖြစ်ပါတယ်။

ဒီအစီအစဉ်သစ်မှာ သုံးစွဲသူစိတ်တိုင်းကျ ဝန်ဆောင်မှုနဲ့ ကားဒီဇိုင်း၊ ကာလာ၊ သီးသန့်ကားဒီဇိုင်း အစီအစဉ်တို့ ပါဝင်ပါတယ်။

ဒီရင်းနှီးမြှုပ်နှံမှုက Goodwood Plant ကို စတင်ဖွင့်လှစ်ခဲ့ချိန် ၂၀၀၃ ခုနှစ်ကစပြီး အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ အခုချိန် အလုပ်သမား ၂,၅၀၀ ရှိတဲ့ ဒီစက်ရုံဟာ တနေ့ကို ကား ၂၈ စီး ထုတ်လုပ်နိုင်ပြီလို့ ဆိုပါတယ်။

၂၀၀၄ ခုနှစ်အတွင်း Rolls-Royce ကားတွေ တကမ္ဘာလုံးမှာ ၅,၇၁၂ စီး ရောင်းချခဲ့ရတာက ၂၀၂၃ ခုနှစ်က ၆,၀၃၂ စီး ရောင်းရတာနဲ့ ယှဉ်ရင် ရောင်းချရမှုနှုန်း ၅ ရာခိုင်နှုန်း လျော့ကျလာပါတယ်။

ကုမ္ပဏီစီအီးအိုက “ကျနော်တို့ရဲ့ လမ်းကြောင်းအတိုင်း ဆက်လုပ်မှာပါ။ ဇိမ်ခံပစ္စည်း ထုတ်လုပ်မှုထဲမှာ ဘာလုပ်ရမလဲဆိုတာ ကျနော်တို့သိပါတယ်။ Rolls-Royce သုံးတဲ့သူတွေက တန်ကြေးကို ပိုသုံးနိုင်တဲ့သူတွေပါ” လို့ ပြောပါတယ်။

အမေရိကန်မှာ ဒေါ်နယ်ထရမ့်ပ်ကို သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခဲ့ပြီးနောက် သွင်းကုန်ခွန် တိုးမြှင့်မှုတွေ ဖြစ်လာနိုင်ပေမဲ့ Rolls-Royce ကလည်း သူ့ပုံစံအတိုင်း ရှေ့ဆက်မှာဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013