ဆူဒန်နိုင်ငံကို ထိန်းချုပ်ဖို့ ဆူဒန်စစ်တပ်နဲ့ ဆိုးရွားတဲ့ စစ်ပွဲထဲမှာ ပိတ်မိနေတဲ့ အမြန်ထောက်ပံ့ရေး တပ်ဖွဲ့ အရန်တပ် (RSF) ခေါင်းဆောင် မိုဟာမဒ် ဟမ်ဒန် ဒါဂါလိုကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူမှာဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ် ၂ ခုက ဇန်နဝါရီ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
စစ်ပွဲအတွင်း RSF တပ်ဖွဲ့ဟာ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်လို့ အမေရိကန်က ဆုံးဖြတ်ခဲ့ကြောင်း သတင်းရင်းမြစ်တွေက ပြောကြားပြီး ၂၀၂၃ ခုနှစ်က အနောက်ဒါဖာမှာ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြောင်း အရင်ကလည်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဟယ်မဒီလို့ သိကြတဲ့ ဒါဂါလိုဟာ ဒါဖာက သူပုန်ထမှုကို ချေမှုန်းခဲ့တဲ့ အာရပ်ပြည်သူ့စစ်ကို ဦးဆောင်ဖို့ အောက်ခြေကနေ စတင်ကာ ထိပ်ပိုင်းကို ရောက်လာခဲ့ပြီး ဩဇာကြီးသူတယောက် ဖြစ်လာပါတယ်။
နောက်ဆုံးမှာ သူဟာ နိုင်ငံရဲ့ ဒုတိယအာဏာအရှိဆုံးနဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်လာခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဧပြီ ၁၅ ရက်က ဒါဖာရှိ ပြည်သူ့စစ်တွေဖြစ်တဲ့ သူ့ရဲ့ အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ အရန်တပ် (RSF) နဲ့ ဆူဒန်စစ်တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
Source : Reuters