ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုက “ကြေးစားသမားတွေ” လို့ တံဆိပ်ကပ်ထားတဲ့ ၇ ယောက် အုပ်စုထဲက အဖွဲ့ဝင် အမေရိကန်နိုင်ငံသား ၂ ယောက် ဇန်နဝါရီ ၇ ရက်က ဗင်နီဇွဲလားနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရပြီး ဒါဟာ အခုသီတင်းပတ်နှောင်းပိုင်းမှာ သမ္မတသက်တမ်းအသစ်အတွက် ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင် နောက်ဆုံးအရေးယူမှုလို့လည်း ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေဟာ အလွန်အဆင့်မြင့်ကြောင်း မာဒူရိုက ပြောကြားခဲ့ပေမဲ့ ဖမ်းဆီးမှုရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ အထောက်အထားတွေကိုတော့ မဖော်ပြထားပါဘူး။
မာဒူရိုက “အမေရိကန်ပြည်ထောင်စုက အရေးပါတဲ့ ကြေးစား ၂ ဦး အပါအဝင် နိုင်ငံခြားကြေးစား ၇ ဦးကို ဖမ်းမိထားပြီးတော့ သူတို့ဟာ ပြစ်မှုထင်ရှားပြီး လာမယ့် နာရီပိုင်းအတွင်းမှာပဲ ဗင်နီဇွဲလား ငြိမ်းချမ်းရေးကို ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့ လာခဲ့ကြတယ် ဆိုတာကို သူတို့ ဝန်ခံကြလိမ့်မယ်” လို့ ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကိုလံဘီယာ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို ချက်ချင်း တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။
ဗင်နီဇွဲလား လူ့အခွင့်အရေးအဖွဲ့တွေကတော့ နိုင်ငံခြားသားတွေကို ဖမ်းဆီးခြင်း အပါအဝင် အကျဉ်းသားဟောင်းတွေကို လွှတ်ပေးပြီး တချိန်တည်းမှာပဲ အကျဉ်းသားသစ်တွေကို ထိန်းသိမ်းမယ့် ထောင်ခါမှုကို သတိပေးထားပါတယ်။
Source : Reuters