ယီမင်ရှိ ဟူသီစစ်သွေးကြွအဖွဲ့ဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း ဟူသီစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးက ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။
ဟူသီတွေဟာ ယီမင်စစ်တပ်ရဲ့ ဒုံးကျည်နဲ့ဒရုန်း တပ်ဖွဲ့တွေဟာ တောင်ပံတပ် ခရုဇ်ဒုံးကျည် ၂ စင်းနဲ့ ဒရုန်း ၄ စင်းတို့ကို အသုံးပြုပြီး ပင်လယ်နီရဲ့ မြောက်ဘက်ရှိ အမေရိကန် လေယာဉ်တင်သင်္ဘော USS Harry Truman ကို ပစ်မှတ်ထားကာ ပစ်မှတ်တိကျသေချာတဲ့ ပူးတွဲစစ်ဆင်ရေးတစ်ရပ်ကို လုပ်ဆောင်ခဲ့တယ်လို့ ဆာရီးက ပြောကြားခဲ့ပါတယ်။
ရန်သူတော် အမေရိကန်ကလည်း ယီမင်ကို ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပြီး အဲဒီမစ်ရှင်ကတော့ ပျက်ပြယ်သွားတယ်လို့လည်း ဆိုပါတယ်။
ဟူသီတွေဟာ အင်္ဂါနေ့မွန်းလွဲပိုင်းမှာ အစ္စရေးနိုင်ငံကို စစ်ရေးအရ စစ်ဆင်ရေး ၂ ခု ပြုလုပ်ခဲ့တယ်လို့လည်း ယာယျာဆာရီးက ပြောပါတယ်။
ဂျက်ဖှာမြို့က သိမ်းပိုက်ထားတဲ့ ဧရိယာရှိ အစ္စရေးစစ်ရေးပစ်မှတ်ကို ဒရုန်း ၂ စင်းနဲ့ ပစ်မှတ်ထားခဲ့ပြီး သိမ်းပိုက်ထားတဲ့ အက်ရှ်ကလွန်မြို့မှာတော့ အစ္စရေးရန်သူနဲ့ ဆက်စပ်နေတဲ့ အရေးကြီးပစ်မှတ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဆိုပါတယ်။
ညနေခင်းပိုင်းမှာလည်း UAV ဒရုန်းတပ်ဖွဲ့တွေဟာ သိမ်းပိုက်ထားတဲ့ ဂျက်ဖှာမြို့ရှိ အစ္စရေးရန်သူနဲ့ ဆက်နွှယ်နေတဲ့ စစ်ရေးပစ်မှတ်ကို တတိယမြောက် စစ်ဆင်ရေး လုပ်ခဲ့ပြီးတော့ စစ်ဆင်ရေးအားလုံးဟာ ရည်မှန်းချက်တွေကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ခဲ့တယ်လို့ ယာယျာဆာရီးက ပြောသွားပါတယ်။
အီရန် မဟာမိတ် ဟူသီတွေဟာ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ် အစောပိုင်းကာလတွေအတွင်း အာဏာသိမ်းခဲ့ကတည်းက မြို့တော် ဆာနားအပါအဝင် ယီမင်ရဲ့အစိတ်အပိုင်း အများစုကို ထိန်းချုပ်ထားတာပါ။
သူတို့ဟာ ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်းတွေဘက်က အားပေးထောက်ခံကြောင်း ရည်ရွယ်ပြသတဲ့ လှုပ်ရှားမှုအနေနဲ့ အရှေ့အလယ်ပိုင်းမှာ ပိုပြီးတင်းမာတဲ့ အခန်းကဏ္ဍကနေ ပါဝင်လုပ်နေတာ ဖြစ်ပါတယ်။
Source-Reuters