Home
မြန်မာသတင်း
မံစီမြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဟု KIO အတည်ပြု 
DVB
·
January 8, 2025

ကချင်ပြည်နယ်၊ မံစီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက  တိုက်ခိုက်သိမ်းပိုက် အလုံးစုံထိန်းချုပ်ပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေပြီလို့ ကချင်လွတ် လပ်ရေးအဖွဲ့ (KIO) ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက DVB ကို အတည်ပြု ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကစတင်ပြီး ဗန်းမော်နဲ့ မံစီမှာရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာပါ။ နှစ်သစ်ကူးကာလမှာ တိုက်ပွဲတွေ ခဏငြိမ်သက်ခဲ့ပေမဲ့ နှစ်သစ်ကူးပြီးချိန်နောက်ပိုင်းမှာတော့ တိုက်ပွဲပြန်ပြီး ပြင်းထန်လာတာပါ။

ဒီမနက် ၁၁ နာရီဝန်းကျင်မှာတော့ မံစီမြို့မှာရှိနေတဲ့ စစ်ကောင်စီ တပ်ရင်းတွေဖြစ်တဲ့  ခမရ (၃၁၉)၊ (၆၀၁)နဲ့ အမတ (၅၃၂)တို့  အားလုံးကို အပြီးသတ်သိမ်းနိုင်ခဲ့တာလို့  KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

လက်ရှိမှာတော့ မံစီမြို့အတွင်း နယ်မြေရှင်းလင်းရေးတွေကို ဆက်ပြီးလုပ်ဆောင်နေ တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် တပြိုင်တည်းထိုးစစ်ဆင်နေတဲ့ ဗန်းမော်မြို့မှာလည်း တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဗန်းမော်မြို့ထဲမှာလည်း ရပ်ကွက်အများစုမှာ KIA နဲ့ ပူးပေါင်းတပ်တွေက ခြေကုပ်ယူထား နိုင်ပြီဖြစ်ပြီး တပ်ရင်းစခန်းတချို့မှာတော့ အနီးကပ်တိုက်ပွဲတွေပြင်းထန်နေတာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဗန်းမော်မြို့မကျရေးအတွက် လေကြောင်း၊ လက်နက်ကြီးတွေအပြင် သံချပ်ကာကားတွေ၊ ဒရုန်းတွေနဲ့ပါ အပြင်းအထန်ခုခံနေပါတယ်။ 

ဗန်းမော်မြို့အတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိနေသလို လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးတာတွေလည်းရှိနေတယ်လို့ သတင်းတွေထွက်နေပေမဲ့ အရေအတွက်ကိုတော့ အတည်ပြုလို့ မရသေးဘူး။

လက်ရှိဗန်းမော်မြို့အတွင်း စစ်ကောင်စီတပ်ရင်းစခန်းတွေနဲ့ အနီးမှာတော့ ပြည်သူတွေ မရှိတော့ပေမဲ့ စခန်းတွေနဲ့ လှမ်းတဲ့နေရာမှာတော့ ပြည်သူတချို့ရှိနေကြသေးတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ထက်အောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013