
ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုပြည်နယ်ရှိ အိုးဆာစ်ကိုမြို့မှာ ဇန်နဝါရီ ၆ ရက် မွန်းလွဲပိုင်းက ပြည်သူ့လုံခြုံရေးနဲ့ မြို့ပြထိန်းချုပ်ရေး လက်ထောက်အတွင်းရေးမှူး အာလ်ဒီးဆွန် ကုစ်တောဂျို မိုရေးရိုကို မြူနီစီပယ်အစောင့်တယောက်က ပစ်သတ်ခဲ့ပါတယ်။
အစိုးရသစ်လက်ထက်မှာ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံကို ဆွေးနွေးဖို့ ရည်ရွယ်ထားတဲ့ အစည်းအဝေး တခုအတွင်း ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာလို့ ပြည်တွင်းမီဒီယာတွေက ဆိုပါတယ်။
အငြင်းပွားမှု ပြင်းထန်လာပြီးနောက် အစောင့်က သေနတ်ပစ်ဖောက်ပြီး လက်ထောက်အတွင်းရေးမှူး မိုရေးရိုကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
အစောင့်ဟာ အခန်းထဲကို အကာအရံတွေနဲ့ ပိတ်ဆို့ထားပြီး လက်နက်မချခင် အထဲမှာ ၂ နာရီလောက် နေခဲ့တယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေဟာ မိုရေးရိုကို သေဆုံးလျက်သား တွေ့ရှိခဲ့ပြီးနောက် တိုက်ခိုက်သူ အင်န်ရစ်ကေး မာရီဗောင်းလ်ဒဲ ဆိုဇာကို အထူးနည်းဗျူဟာ စစ်ဆင်ရေးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
Source : Reuters