Home
မြန်မာသတင်း
ဧရာဝတီတိုင်းအကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသား ၁၇ ဦးခန့်သာ ပြန်လွတ်
DVB
·
January 6, 2025
Photo : KL

ဇန်နဝါရီ ၄ ရက်မှာ ကျရောက်ခဲ့တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဧရာဝတီတိုင်း ဟင်္သာတအကျဉ်းထောင် အပါအဝင် အကျဉ်းထောင် ၃ ခုကနေ အကျဉ်းသား ၃၅၆ ယောက်သာ လွတ်လာရာမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အကျဉ်းသားတွေအပေါ် အမျိုးမျိုး ဖိနှိပ်၊ ရိုက်နှက် ဆက်ဆံနေတဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတ အကျဉ်းထောင် အပါအဝင် ပြန်လွတ်လာတဲ့ အကျဉ်းသား ၃၅၆ ယောက်မှာ ပုသိမ် အကျဉ်းထောင်က ၁၉၁ ယောက်၊ ဟင်္သာတအကျဉ်းထောင်က ၁၁၇ ယောက်နဲ့ မအူပင်အကျဉ်းထောင်က ၄၈ ယောက်ဖြစ်ပြီး လုယက်မှု၊ မုဒိမ်းမှု၊ ဓားပြမှု၊ ခိုးမှု၊ လောင်းကစားမှု စတဲ့ပြစ်မှုတွေနဲ့ အကျဉ်းကျနေတဲ့သူတွေ အများဆုံး ပြန်လွတ်လာတာလို့ ဆိုပါတယ်။

တိုင်းအဆင့် ထောင်အာဏာပိုင်တွေနဲ့ နီးစပ်သူက “ဟင်္သာတ အကျဉ်းထောင်က အခုရက်ထဲ အကျဉ်းသားတွေအပေါ် ထောင်အာဏာပိုင်တွေက ရက်ရက်စက်စက် ရိုက်နှက်ဆက်ဆံနေတာ။ အများဆုံးလွတ်မှ ဝဋ်ကျွတ်မှာလေ။ အကျဉ်းသားကို လုပ်ကြံဖို့အထိ ဖြစ်တဲ့ မြောင်းမြအကျဉ်းထောင်က လုံးဝမလွှတ်ပေးဘူး။ ဖျာပုံအကျဉ်းထောင်ကလည်း မလွတ်လာဘူး။ နိုင်ငံရေးအကျဉ်းသား ၁၇ ယောက်လောက်ပဲ ပါတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက အကျဉ်းထောင် ၃ ခုကနေ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတဲ့ အကျဉ်းသား ၃၅၆ ယောက်ထဲမှာ နိုင်ငံရေးပြစ်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၇ ယောက်လောက်သာ ပါဝင်ပြီး သတ်မှတ် ပြစ်ဒဏ်လွတ်ရက်ပြည့်ဖို့ လပိုင်းနဲ့ ရက်ပိုင်းသာ လိုတော့တဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013