Home
မြန်မာသတင်း
ဒုဗိုလ်မှူးကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀၀၀ ခန့် ပြည်သူ့ရင်ခွင်ခိုလှုံ
DVB
·
January 6, 2025

စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ကနေ ၂၀၂၄ ဒီဇင်ဘာအထိ စစ်ကောင်စီ လက်အောက်က အရာရှိအဆင့် ဒုဗိုလ်မှူးကြီးတွေအပါအဝင် အဆင့်လိုက်တပ်သား ၁၅၀၀၀ နီးပါး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ဆက်သွယ်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၄ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီတပ်က အရာရှိအဆင့် ဒုဗိုလ်မှူးကြီး ၅ ယောက် ၊ ဗိုလ်မှူး ၄၂ ယောက်၊ ဗိုလ်ကြီး ၃၂၃ ယောက် စုစုပေါင်း အရေအတွက် ၁၄၇၈၈ အထိ ပြည်သူ့ဘက်ပြောင်းဖို့ဆက်သွယ်ပူးပေါင်းလာတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အခု ဇန်နဝါရီလ အတွင်းထုတ်ပြန်လာတဲ့ ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာဖော်ပြထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ဆက်သွယ်ပူးပေါင်းလာသူတွေထဲက ၂၁၀ ယောက်လောက်ဟာ လက်နက်မျိုးစုံ ၂၂၈ လက်နဲ့ သောင်းနဲ့ချီတဲ့ ခဲယမ်းတွေကိုလည်း NUG ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကိုအပ်နှံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဒုရဲအုပ်တယောက် အပါအဝင် တပ်သားနဲ့ ရဲ  ၂၈  ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ NUG ကာကွယ်ရေးဌာနက ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီအထဲက လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ ရဲတပ်ဖွဲ့ဝင် ၁၃ ယောက်ကို လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေတွေပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူတွေ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်သားတွေနဲ့ ရဲတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ NUG က တိုက်တွန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024