
မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်း၊ တာဘာ့စကိုပြည်နယ်၊ ဘီယယ်မိုဆာမြို့က ဘားတခုမှာ ဇန်နဝါရီ ၄ ရက်က လက်နက်ကိုင် တိုက်ခိုက်မှုတခုအတွင်း လူ ၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်နယ် ပြည်သူ့လုံခြုံရေး အတွင်းရေးမှူးရုံးက ဇန်နဝါရီ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒေသစံတော်ချိန် ည ၉ နာရီလောက်မှာ သေနတ်သမားတွေက ဘားထဲကိုဝင်ပြီး ပစ်ခတ်ခဲ့တာကြောင့် လူ ၅ ယောက် ပွဲချင်းပြီးသေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဒဏ်ရာရသူတွေထဲက တယောက်ကတော့ ဒေသန္တရဆေးရုံမှာ သေဆုံးသွားပါတယ်။ ဒီဖြစ်စဉ်ကြောင့် ပြည်နယ်ရဲတပ်ဖွဲ့နဲ့ တပ်မတော်သားတွေ သိသိသာသာ စုစည်းခဲ့ပြီး ဘားကို ပိတ်ဆို့ရင်း ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ တိုက်ခိုက်မှုနောက်ကွယ်က အကြောင်းရင်းကို အာဏာပိုင်တွေက မဖော်ထုတ်နိုင်သေးပါဘူး။
Source : Reuters