တရုတ်အစိုးရဟာ နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းက ဖှုကျန်းပြည်နယ်၊ ရှားမဲန်းမြို့က နိုင်ငံခြားသားတွေကို အလုပ်လုပ်ကိုင်ခွင့်နဲ့ လူမှုဖူလုံရေးကတ်အသစ်ကို ဇန်နဝါရီ ၂ ရက်ကစပြီး ထုတ်ပေးနေပါပြီ။
မြို့ထဲမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသားတွေဟာ နိုင်ငံကူးလက်မှတ်တွေနဲ့အတူ သတ်မှတ်ထားတဲ့ ဘဏ်တွေဆီသွားပြီး မိနစ် ၂၀ လောက် စောင့်ဆိုင်းပြီးတဲ့နောက် အလုပ်လုပ်ခွင့်နဲ့ လူမှုဖူလုံရေးကတ်ကို လက်ဝယ်ပိုင်ပိုင်ရမှာပါ။
ဒီကတ်ဟာ အလုပ်ပါမစ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပိုချောမွေ့စေပြီး ဝန်ဆောင်မှုတွေ ပိုလွယ်လွယ် ရနိုင်စေပါတယ်။
၂၀၂၅ ဇန်နဝါရီကစပြီး ရှားမဲန်းမြို့က နိုင်ငံခြားသားတွေဟာ တရုတ်ဗဟိုဘဏ်ရဲ့ ရှားမဲန်း ဘဏ်ခွဲတွေထဲက သတ်မှတ်ထားတဲ့ ဘဏ်ခွဲ ၆ ခုမှာ ကတ်အတွက် လျှောက်ထားနိုင်မှာပါ။
နိုင်ငံခြားသားတွေက ဒီကတ်ကို ဆက်စပ်အချက်အလက်တွေရယူဖို့ သုံးနိုင်ပါတယ်။ မြို့တော်ရဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးဆိုင်ရာ ပေါင်းစပ်ဖြတ်သန်းမှုလိုမျိုး ဝန်ဆောင်မှုတွေကို လည်း ခံစားနိုင်မှာပါ။
နောက်အဆင့်မှာတော့ ရှားမဲန်း စည်ပင်လူ့အရင်းအမြစ်နဲ့ လူမှုလုံခြုံရေး ဗျူရိုက ဒီဝန်ဆောင်မှုကိုပေးဖို့ ဘဏ်ခွဲ ၁၆ ခုအထိ တိုးချဲ့ သွားမှာ ဖြစ်ပါတယ်။
မြို့အနှံ့က နိုင်ငံခြားသားတွေ ကတ်ရဖို့ ပိုလွယ်လာမယ်လို့ ဗျူရိုရဲ့ နိုင်ငံခြားအလုပ်အကိုင်ဌာနခွဲ ဒါရိုက်တာ လီယွန်းဖန်က ပြောပါတယ်။
Source : Reuters