တရုတ်နိုင်ငံမြောက်ပိုင်း ဟော့ဘေးပြည်နယ်က ဟင်းသီးဟင်းရွက်ဈေးမှာ မီးလောင်လို့ လူ ၈ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ဇန်နဝါရီ ၄ ရက်မှာ ပြောပါတယ်။
ကျန်းကျားခို့မြို့မှာ ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၀ လောက်မှာ မီးလောင်ပြီး ၁ နာရီကျော် အကြာမှာ မီးငြိမ်းသွားခဲ့တာပါ။ မီးလောင်ရတဲ့အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ အသံလွှင့်ဌာနက ပြောပါတယ်။
ဆိုရှယ်မီဒီယာမှာလွှင့်တင်ထားတဲ့ ဗွီဒီယိုတွေအရ မီးခိုးလုံးကြီးတွေ ဖုံးလွှမ်းနေတဲ့ ဈေးအတွင်း မီးတောက်လောင်နေတာကိုတွေ့ရပြီး မီးသတ်သမားတွေက မီးတောက်တွေကို အကြီးအကျယ် ငြှိမ်းသတ်နေတာကိုလည်း တွေ့ရပါတယ်။
မီးလောင်တဲ့နေ့မှာ ဒေသန္တရအစိုးရကသတင်းစာရှင်းလင်းပွဲလုပ်ပြီး နိုင်ငံပိုင်ရုပ်သံက အတည်ပြုခဲ့ပါတယ်။
လီကွမ်း ဟင်းရွက်ဈေးကို ၂၀၁၁ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး သစ်သီးနဲ့ ပင်လယ်စာတွေကနေ လျှပ်စစ်ပစ္စည်းတွေအထိ ရောင်းချခဲ့တယ်လို့ ကုမ္ပဏီဒေတာပံ့ပိုးသူ ချီချာချာက ပြောခဲ့ပါတယ်။
Source: Reuters