တရုတ်အစိုးရက ထောက်ပံ့ထားတဲ့ ဟက်ကာတွေဟာ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ကွန်ပျူတာတွေကို ဖောက်ထွင်းခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဘဏ္ဍာရေးဌာနက ရှေ့နေတွေကို ပေးတဲ့စာထဲမှာ ဒီလအတွင်း တရုတ်ဟတ်ကာတွေရဲ့ ဖောက်ထွင်းခဲ့မှုနဲ့ မှတ်တမ်းတွေ ခိုးယူခဲ့တာက အဓိက အဖြစ်အပျက်ဖြစ်တဲ့အကြောင်း ဘဏ္ဍာရေးဌာနက ရိုက်တာကို တရားဝင်ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ဟက်ကာတွေဟာ ဆိုက်ဘာလုံခြုံရေးဆားဗစ်ဖြစ်တဲ့ BeyondTrust နဲ့ အပေးအယူလုပ်ခဲ့ပြီး မှတ်တမ်းတွေကို ဝင်ရောက်ကြည့်ရှုခွင့် ရခဲ့တယ်လို့ စာမှာ ဖော်ပြထားပါတယ်။
စာမှာ ဖော်ပြထားတာက ဟက်ကာတွေဟာ ဘဏ္ဍာရေးဌာနရဲ့ End user တွေအတွက် အဝေးကနေ ဆားဗစ်ပေးတဲ့ Cloud base service ရဲ့ ကီးတခုကို ရရှိခဲ့တယ်လို့ ပါရှိပါတယ်။
Key ကို ခိုးယူခွင့်ရပြီး ဘဏ္ဍာရေးဌာနရဲ့ user ကွန်ပျူတာစနစ်ကို အဝေးက ဝင်ရောက်စဉ် ဟက်ကာတွေဟာ လုံခြုံရေးဆားဗစ်တွေကို လွှမ်းမိုးထားနိုင်ပါတယ်။ ပြီးတော့ ဒီသုံးစွဲသူတွေရဲ့ အချက်အလက်တွေကိုလည်း ဝင်ရောက်ရှာဖွေနိုင်ပါတယ်။
BeyondTrust ဟာ ဒီဇင်ဘာ ၈ ရက်က သတိပေးချက် ပြုလုပ်ခဲ့တယ်လို့ ဘဏ္ဍာရေးဌာနက ပြောပါတယ်။
ဒီဆိုက်ဘာဖောက်ထွင်းမှုကို အမေရိကန် ဆိုက်ဘာလုံခြုံရေးနဲ့ အခြေခံအဆောက်အအုံ လုံခြုံရေးအေဂျင်စီ (CISa) နဲ့ FBI ကလည်း ဖောက်ထွင်းမှု အကျိုးဆက် ဘာဖြစ်လာနိုင်သလဲ ဆိုတာ စဉ်းစားနေတယ်လို့ ဘဏ္ဍာရေးဌာနက ပြောပါတယ်။
ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ထိုးဖောက်ဝင်ရောက်မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိတယ်ဆိုတဲ့ အချက်ကို ငြင်းဆိုထားပါတယ်။
အချက်အလက်ကို အခြေမခံဘဲ အမေရိကန်ရဲ့ သားပုပ်လေလွင့် စွပ်စွဲချက်ကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်လို့ ဆိုပါတယ်။
Source : Reuters