မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နှစ်သစ်မတိုင်မီ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြောက်ကိုရီးယား အာဏာရပါတီနဲ့ အဓိကမူဝါဒချမှတ်ရေး အစည်းအဝေးတွေ လုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် ရုပ်မြင်သံကြားချန်နယ် KRT က ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ပါတီနဲ့ အစိုးရအရာရှိတွေကြား တွေ့ဆုံဆွေးနွေးရာမှာ မြောက်ကိုရီးယားဟာ နိုင်ငံလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားအတွက် အမေရိကန်ကို တန်ပြန်ဖို့ အပြင်းထန်ဆုံး မဟာဗျူဟာကို စတင် အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့ကြား မဟာမိတ်ဖွဲ့တာဟာ နျူးကလီးယား စစ်ဘက်ဆိုင်ရာ အစုအဖွဲ့အဖြစ် ချဲ့ထွင်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားဟာ အမေရိကန်အတွက် “ကွန်မြူနစ်ဆန့်ကျင်ရေး ကင်းစခန်း” ဖြစ်လာပြီလို့လည်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
ဒီဇင်ဘာ ၂၃ ရက်ကနေ ၂၇ ရက်အထိ ကျင်းပတဲ့ အစည်းအဝေးတွေထဲမှာ မြို့တော် ပြုံယမ်းဆီကို ရေဘေးသင့်ပြည်သူတွေ ဘေးကင်းကင်း ပြောင်းရွှေ့ရေး အစီအစဉ် အပါအဝင် အခုနှစ် အစောပိုင်းက ရေလွှမ်းမိုးမှုကို ကိုင်တွယ်ဖြေရှင်းပုံကိုလည်း ပြန်သုံးသပ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
Source : Reuters