Home
အားကစား
ချက်ဂိုးသမား ကင်စကီကို ပေါင် ၁၂ သန်းခွဲဖြင့် စပါးအသင်း ခေါ်ယူမည်
DVB
·
January 5, 2025
Photo: Kai Pfaffenbach/Reuters/Ritzau Scanpix

စပါးအသင်းဟာ ချက်လူငယ်ဂိုးသမား ကင်စကီကို ပေါင် ၁၂ သန်းခွဲနဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်ရှိ ချက် ယူ-၂၁ ဂိုးသမား ကင်စကီဟာ ချက်ကလပ် ဆလားဗီးယားပရပ်အတွက်  ၂၉ ပွဲ ကစား၊ ၁၄ ပွဲ ပေးဂိုးမရှိ ရလဒ်နဲ့ လက်စွမ်းပြနေသူပါ။ 

အသင်းရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်သူ ဗီကာရီယိုက ခြေချင်းဝတ်ဒဏ်ရာကို ခွဲစိတ် ကုသခဲ့ရတာကြောင့် ဂိုးသမားသစ်တယောက် ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာပါ။

အခုတပတ်အတွင်းမှာ အပြောင်းအရွှေ့ကိစ္စတွေနဲ့ ဆေးစစ်မှုတွေ အပြီးသတ်လုပ်ဆောင်မှာဖြစ်ပြီး စပါးအသင်းက တပတ်အတွင်း အပြီးသတ်ခေါ်ယူနိုင်လိမ့်မယ်လို့ သိရပါတယ်။

စပါးနည်းပြ ပို့စ်တီကိုဂလူကလည်း ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမား အင်အားဖြည့်တင်းဖို့ တောင်းဆိုထားပြီး ဂိုးသမားကင်စကီက ရာသီဝက်ကာလမှာ ပထမဆုံး ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024