Home
မြန်မာသတင်း
တောင်ငူလေတပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရ
DVB
·
January 4, 2025
Photo-BWM

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကောင်စီရဲ့ တောင်ငူ(ကေတုမတီ) လေတပ်စခန်းကို ဇန်နဝါရီ ၄ ရက် ဒီမနက်အစောပိုင်း ၁၂ နာရီ ၅ မိနစ်လောက်က ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar BWM အဖွဲ့က ပြောပါတယ်။

ဦးဆောင်အဖွဲ့ဖြစ်တဲ့ BWM နဲ့ အတူ MKCDF အဖွဲ့၊  ACPLFအဖွဲ့၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့က အတူပူးပေါင်းပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီလေတပ်ထဲကို ပစ်ခတ်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုမှာ ပျက်စီးသေဆုံးမှုအခြေအနေကို စုံစမ်းနေကြပြီး ၂၀၂၅ မှာ စစ်ဆင်ရေး အရှိန်မြှင့်နိုင်သမျှ မြှင့်သွားမယ်လို့ BWM အဖွဲ့ ပြန်ကြားရေးအဖွဲ့က ‌ဆိုပါတယ်။

“လေတပ်ဝင်းထဲကို အကုန်ကျတယ်လို့ သိရပါတယ်။ အခုအကြိမ်နဲ့ဆို ၆ ကြိမ်မြောက်ပါ။ စကစအဖွဲ့ဝင်တွေ သေဆုံးတာရော၊ တိုက်လေယာဉ် ပျက်စီးတာရော၊ ကားတွေ၊ အဆောက်အဦတွေ ပျက်စီးတာရော အများအပြားရှိခဲ့ပါတယ်။ စာရင်းမပြုစုရသေးလို့ အတိအကျတော့ မပြောနိုင်သေးပါဘူး”

စစ်ကောင်စီရဲ့ အဓိကလေတပ်စခန်းတွေထဲက မင်္ဂလာဒုံ ၅၀၂ လေတပ်နဲ့ မှော်ဘီ ၅၀၁ လေတပ်စခန်းတွေကနေ ညပိုင်းတွေမှာ တိုက်လေယာဉ်တွေ ဆက်တိုက်ပျံတက်နေတာနဲ့ ပတ်သက်ပြီး BWM အဖွဲ့က လေတပ်စခန်းတိုင်းဟာ တိုက်ခိုက်ရမယ့်ပစ်မှတ်တွေအဖြစ် သတ်မှတ်ထားပါတယ်လို့လည်းပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013