Home
နိုင်ငံတကာ
မွန်တီနီဂရိုးတွင် ပစ်ခတ်မှုဖြစ်ပြီး လူ ၄ ဦးထက်မနည်း သေဆုံး
DVB
·
January 2, 2025
Photo: REUTERS/Stevo Vasiljevic

ဘော်လ်ကန်ကျွန်းဆွယ်ရှိ ဥရောပအရှေ့တောင်ပိုင်းနိုင်ငံတခုဖြစ်တဲ့ မွန်တီနီဂရိုးနိုင်ငံရဲ့ သမိုင်းဝင်မြို့တော် စယ်တိနေးမှာ ဇန်နဝါရီ ၁ ရက်က သေနတ်သမားတယောက်က စားသောက်ဆိုင် တဆိုင်အတွင်းကို ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၂ ယောက် အပါအဝင် လူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ပြည်တွင်းမီဒီယာ အစီရင်ခံချက်တွေအရ သိရပါတယ်။

ပစ်ခတ်မှုမဖြစ်ပွားခင်က စားသောက်ဆိုင်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ခြံဝင်းအတွင်း လူတွေသေဆုံးခဲ့တယ်လို့ မွန်တီနီဂရင် ဗီယက်စ်တီ ရုပ်သံက ဆိုပါတယ်။

လွတ်မြောက်နေတဲ့ သေနတ်သမားဟာ စားသောက်ဆိုင်ကနေ ထွက်ခွာသွားပြီး လမ်းပေါ်မှာ ကလေးငယ် ၂ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း CDM သတင်း ပေါ်တယ်လ်က ထုတ်ပြန်ပါတယ်။

မွန်တီနီဂရင် ဝန်ကြီးချုပ် မီလို့(ယ်)ကို စပါးယစ်စ်က ဒီဖြစ်ရပ်ကို “ကြေကွဲဖွယ် အဖြစ်ဆိုး” လို့ ခေါ်ဆိုပြီး ၃ ရက်ကြာ နိုင်ငံတော် ဝမ်းနည်းကြေကွဲကြောင်း ကြေညာခဲ့တယ်လို့ ဆေးဘက်စင်တာရဲ့ ပြင်ပမှ တိုက်ရိုက်ထုတ်လွှင့်တဲ့ တီဗီမှာ ပြသွားပါတယ်။

ဝန်ကြီးချုပ်ဟာ အသေအပျောက်အရေအတွက်ကို မပြောကြားခဲ့ပေမဲ့ ခွဲစိတ်ကုသဖို့အတွက် မြို့တော် ပေါ့ဒ်ဂူရီစာရှိ ဆေးရုံကို လူ ၄ ယောက် လွှဲပြောင်းပေးထားတယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က မြို့တော် စယ်တိနေးမှာ ထူးထူးခြားခြား တိတ်ဆိတ်နေပြီး နှင်းတွေဖုံးနေတဲ့ လမ်းတွေမှာ လူသူမရှိဘဲ တရားဥပဒေစိုးမိုးရေး တပ်ဖွဲ့တွေပဲ ရှိတာပါ။

အထူးရဲတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့တွေဟာ သံသယရှိသူကို တောင်ကုန်းတွေမှာ လှည့်ပတ်ရှာဖွေနေကြပါတယ်။

သေနတ်ယဉ်ကျေးမှု နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ မွန်တီနီဂရိုးနိုင်ငံမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဟာ ရှားရှားပါးပါး ဖြစ်ပါတယ်။

သေနတ်ဥပဒေတွေ တင်းကျပ်ထားပေမဲ့လည်း အနောက်ဘော်လကန်ဒေသမှာ ပထမကမ္ဘာစစ် လက်ကျန် လက်နက်တွေက ဖောချင်းသောချင်း ကျန်ရှိနေသေးပြီး တရားမဝင်လက်နက်တွေ ဖြစ်နေပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013