Home
မြန်မာသတင်း
ကရင်နီပြည်နယ်ကို စစ်တပ်က အကြိမ်ပေါင်း ၁,၇၀၀ ကျော် လေကြောင်းတိုက်ခိုက်ခဲ့
DVB
·
January 1, 2025

စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဒီဇင်ဘာအထိ ကရင်နီပြည်နယ် တခုတည်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁,၇၆၅ ကြိမ် လုပ်ခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဒီကနေ့ ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်တပ် သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၅၃၆ ဦးသေဆုံးခဲ့သလို စစ်ရှောင်နေရင်း သေဆုံးသူဟာလည်း ၁၇၃ ဦးအထိရှိတယ်လို့ ဆိုပါတယ်။

ကရင်နီမှာ ၂၀၁၂ မေလကတည်းက စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားမှု ၁၂၆၅ ကြိမ်ရှိခဲ့သလို KNDF/PDF/KA က ကျဆုံးရဲဘော် ၆၇၄ ဦးရှိတယ်လို့ PKPF က လေးနှစ်နီးပါးကာလအတွင်း စာရင်းပြုစုထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဘာသာရေးအဆောက်အဦတွေ ၅၄ လုံး၊ ဆေးရုံ၊ ဆေးခန်း ၁၆ လုံးနဲ့ စာသင်ကျောင်း ၂၆ လုံး ဖျက်ဆီးခံခဲ့ရပါတယ်။

တဖက်မှာ အခုကာလအတွင်း အရပ်သားဖမ်းဆီးခံရမှု ၁၅၈ ဦးရှိသလို စစ်ဘေးရှောင်နေရသူဟာလည်း ၂ သိန်းဝန်းကျင်ရှိနေတယ်လို့ ကရင်နီအရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်က တိုက်ပွဲတွေအတွင်းမှာ ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဥ်တန်းပျက်စီးမှု ၆၈ စီး၊ တိုက်လေယာဥ်ပျက်စီးမှု ၃ စီး ရှိခဲ့သလို စစ်ကောင်စီတပ်သား ၃၆၀၁ ဦး သေဆုံးတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013