ဂိုလန်ကုန်းမြင့်ပေါ်က အစ္စရေးသိမ်းပိုက်ထားတဲ့ နယ်မြေနဲ့ ဆီးရီးယားတို့ကြား ပိုင်းခြားထားတဲ့ ဧရိယာအတွင်း ဒီဇင်ဘာ ၂၉ ရက်မှာ အစ္စရေးစစ်တပ်က ကင်းလှည့်နေပါတယ်။
၁၉၇၃ အာရပ်-အစ္စရေး စစ်ပွဲအပြီးမှာ ကုလသမဂ္ဂက ကင်းလှည့်နေတဲ့ စစ်မဲ့ဇုန်ကို ပိုင်းခြားထားပြီး ခြံစည်းရိုးခတ်ထားတဲ့ ဧရိယာအတွင်း ကားတွေမောင်းနေတာကို မြင်ရပါတယ်။
ဆီးရီးယားနိုင်ငံမှာ သမ္မတ ဘာရှား အယ်လ် အာဆတ် အစိုးရ ပြုတ်ကျပြီးကတည်းက အစ္စရေး မော်တော်ယဉ်တွေ ဒီနေရာကို မကြာမကြာ ကျူးကျော်၀င်ရောက်လာခဲ့တာပါ။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ဂိုလန်ကုန်းမြင့်မှာ ကာလရှည်ကြာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်ကို ၆ လ သက်တမ်းတိုးခဲ့ပြီး အဲဒီဒေသအတွင်း စစ်ရေးလှုပ်ရှားမှုတွေ၊ တင်းမာမှုတွေ တိုးလာမှာကို စိုးရိမ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
အစ္စရေး တာဝန်ရှိသူတွေက ဒီလှုပ်ရှားမှုဟာ အစ္စရေးနယ်စပ် လုံခြုံရေးအတွက် အကန့်အသတ်နဲ့ ယာယီအစီအမံတခုအဖြစ် ဖော်ပြခဲ့ပေမဲ့ တပ်ဖွဲ့ဝင်တွေကို ဘယ်အချိန်မှာ ရုပ်သိမ်းမလဲဆိုတာ ဖော်ပြမထားပါဘူး။
Source : Reuters