ပီရူးနိုင်ငံမှာ ဧရာမလှိုင်းလုံးကြီးတွေက ကမ်းရိုးတန်းကို ရိုက်ခတ်ခဲ့ပြီးတဲ့နောက် ဆိပ်ကမ်း ၉၁ ခုကို ပီရူးအစိုးရက ပိတ်လိုက်တယ်လို့ ပီရူးရေတပ်က ဒီဇင်ဘာ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တွန်းဘတ်စ်မြို့ မြောက်ပိုင်းဒေသမှာ ဒေသခံ အာဏာပိုင်တွေက ကြမ်းတမ်းတဲ့ ပင်လယ်အခြေအနေအတွင်း ရေလုပ်သား အယောက် ၃၀ ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ဒီဇင်ဘာ ၂၅ ရက်က လှိုင်းတံပိုးတွေ ပိုပြင်းပြင်းထန်ထန် မြင့်တက်ရိုက်ခတ်ခဲ့ပြီး နောက်ပိုင်း ဆိပ်ကမ်းတွေ၊ ကမ်းခြေတွေကို ပိတ်ထားရပါတယ်။
လုပ်ငန်းတွေ ဖျက်သိမ်းထားရလို့ အလုပ်ရပ်ထားရတဲ့အတွက် ငါးဖမ်းသမားတွေ အပါအဝင် ဒေသတွင်းမှာ စီးပွားရေး ထိခိုက်ခဲ့ပါတယ်။
ကမ်းရိုးတန်းဒေသမှာ ထူးကဲလှိုင်းတံပိုးတွေ ရိုက်ခတ်တာဟာ ဇန်န၀ါရီ ၁ ရက်အထိ ကြာမယ်လို့ ပီရူးရေတပ်က ခန့်မှန်းထားပြီး အဲဒီနေ့နောက်ပိုင်းမှာ လှိုင်းတံပိုးကြီးတွေ ပုံမှန်မဟုတ်ဘဲ ထူးထူးကဲကဲ ဆက်ပြီး ရိုက်ခတ်နေဦးမယ်လို့လည်း ခန့်မှန်းထားပါတယ်။
Source : Reuters