Home
မြန်မာသတင်း
စစ်မှုထမ်းအပတ်စဥ် ၆ သင်တန်းဆင်းများကို ရှမ်း-ကယားနယ်စပ်၊ ကချင်နှင့် ရခိုင်ကို ပို့မည်
DVB
·
December 28, 2024

မြန်မာပြည်အနှံ့ တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကောင်စီတပ်အနေနဲ့ ရှေ့တန်းပို့ဖို့ လူလိုအပ်တာကြောင့်  စစ်မှုထမ်း အပတ်စဥ် ၆ ကို ဒီဇင်ဘာ ၂၇ ရ က်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ သင်တန်းဆင်းခဲ့ပါတယ်။

စစ်တပ်အတွင်း လူအင်အားနည်းပါးလာတဲ့ စစ်ခေါင်းဆောင်အနေနဲ့ လူငယ်တွေကို မတရားဖမ်းဆီး ပေါ်တာဆွဲကာ အပတ်စဥ် ၈ အတွက် ဒီဇင်ဘာ ၂၂ ရက်က ပို့ခဲ့ပြီး ၅ ရက်အကြာမှာ အပတ်စဥ် ၆ ကို သင်တန်းဆင်းခဲ့တာလို့ ဆင့်ခေါ်ရေးနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“စစ်တပ် ခေါင်းဆောင်ပိုင်းတွေက အတော်ဆိုးတယ်။ ပေါ်တာဆွဲတာလည်း သိတယ်၊ ငွေကြေးကိစ္စပြဿနာတွေလည်း သိတယ်၊ အဲဒါတွေ ရှင်းစရာမလိုဘူး၊ လူရရင်ပြီးရောဆိုတဲ့ စိတ်နဲ့လုပ်နေတာ အပတ်စဥ် ၉ အတွက်ပါ ကြိုပြီးစာရင်းကောက်ခိုင်းနေပြီ။” 

စစ်မှုထမ်းအပတ်စဥ် ၈ ကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အရှေအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ  တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး အပတ်စဥ် ၆ က သင်တန်ဆင်းတွေကိုတော့ ရှမ်း-ကယားနယ်စပ်၊ ကချင်နဲ့ ရခိုင်ပြည်နယ်ထဲ ကျန်နေတဲ့ မြို့နယ် ၃ မြို့နယ်ကို ပို့မယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ဒီနေ့သင်တန်းဆင်းပြီး ဒီဇင်ဘာ ၂၉၊ ၃၀  ဆို ပို့ပြီ၊ လက်ရုံးတပ်ကို ရောက်တာ လူတရာမှာ တယောက်လောက်ရောက်တာ ကလေးတွေကို အလကား သေခိုင်းတာနဲ့အတူတူပဲ။” 

စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ လူတိုင်း မဖြစ်မနေ စစ်မှုမထမ်းမနေရ အမိန့်ကို ထုတ်ပြန်ခဲ့ပြီး မတ် ၂၈ ရက်မှာ အပတ်စဥ်  ၁ ကို စတင်သင်တန်းပေးခဲ့ရာ အခုဆို အပတ်စဉ် ၈ အထိရှိပြီ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013