Home
နိုင်ငံတကာ
အလုပ်သမားများကို ကျွန်သဖွယ်ခိုင်းစေမှုကြောင့် ဘရာဇီး BYD စက်ရုံဆောက်လုပ်မှု ရပ်ဆိုင်း
DVB
·
December 25, 2024
Photo : Reuters

အလုပ်သမားတွေ ကျွန်သာသာနေရတာကြောင့် တရုတ် EV ကုမ္ပဏီ BYD စက်ရုံတည်ဆောက်မှုကို ဘရာဇီးအာဏာပိုင်တွေက ရပ်ဆိုင်းလိုက်ပါတယ်။

အလုပ်သမားတွေဟာ မကောင်းတဲ့ပတ်ဝန်းကျင်မှာ နေထိုင်ရသလို သူတို့ရဲ့ ပတ်စ်ပို့တွေနဲ့ လစာတွေကို အဆောက်အဦတည်ဆောက်တဲ့ ကုမ္ပဏီက ထုတ်မပေးဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ဘရာဇီး အရှေ့မြောက်ပိုင်း ဘာဟီရာရှိ အလုပ်သမား ၁၆၀ ကျော်ကို ကယ်တင်ခဲ့ရတယ်လို့ ပြည်သူ့အလုပ်သမားကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

BYD တရုတ်ကုမ္ပဏီကတော့ ဘရာဇီးနိုင်ငံရဲ့ အလုပ်သမားဥပဒေကို အပြည့်အဝ လိုက်နာတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဘရာဇီးမှာ တည်ဆောက်မယ့်စက်ရုံဟာ အာရှတိုက်အပြင်ဘက် BYD ရဲ့ ပထမဆုံးစက်ရုံဖြစ်ပြီး ၂၀၂၅ မတ်လမှာ လည်ပတ်ဖို့ ရည်ရွယ်ထားပါတယ်။

အလုပ်သမားတွေကို ဂျင်ဂျန်းဆောက်လုပ်ရေး ဘရာဇီးက ငှားရမ်းထားတာဖြစ်ပြီး ကာမာကာရီမြို့မှာ ထောက်ပံ့မှု ၄ ခုနဲ့ နေထိုင်စေပါတယ်။

အလုပ်သမားတွေရဲ့ အိပ်ယာဟာလည်း  မွေ့ယာမပါဘူးလို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။ အလုပ်သမား ၃၁ ယောက်ကို ရေချိုးခန်းတခုတည်း မျှဝေသုံးစွဲစေမှု၊ လစာမပေးမှု၊ အလုပ်သမားတွေနဲ့ ချုပ်ထားတဲ့ စာချုပ်ပါ အချက်တွေကို ချိုးဖောက်မှုတို့လည်း ပါဝင်ပါတယ်။

BYD ကတော့ အဲဒီလိုဖြစ်တဲ့ အလုပ်သမားတွေကို ဟိုတယ်တွေကို ရွှေ့ပြောင်းပေးတယ်လို့ ဆိုထားပါတယ်။

BYD ဟာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး EV ကုမ္ပဏီဖြစ်ပြီး ဘရာဇီးမှာပါ ဈေးကွက်ချဲ့တာလည်း ဖြစ်ပါတယ်။

BYD ဟာ ၂၀၁၅ ခုနှစ်က ဆော်အိုပေါ်လိုမှာ ပထမဆုံးစက်ရုံအဖြစ် EV ဘတ်စ်ကားတွေအတွက် ပစ္စည်းတွေ ထုတ်လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘရာဇီးမှာ EV စက်ရုံ တည်ဆောက်ဖို့ ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံမယ်လို့ BYD က ကြေညာခဲ့ဖူးပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013