Home
မြန်မာသတင်း
ရန်ကုန်အထွက် ဇီးရိုးမိုင်ဂိတ်တွင် ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူများကို စစ်ဆေး
DVB
·
December 24, 2024

ရန်ကုန်အထွက် ဇီးရိုးမိုင်မှာ ပဲခူးဘက်ကိုသွားမယ့် ခရီးသွားပြည်သူတွေထဲကနေ  ရခိုင်တိုင်းရင်းသားတွေကို  စစ်ကောင်စီတပ်က ကားပေါ်ကနေ ဆင်းခိုင်းပြီး စစ်ဆေး မေးမြန်းနေတယ်လို့ ခရီးသွားလာသူတွေဆီက သိရပါတယ်။

ရန်ကုန်ကနေ ပဲခူးကို ခရီးသွားခဲ့သူတယောက်က “မနေ့ကစပြီး စစ်တာ။ ဇရပ်ကွင်းအထိဆို မှတ်ပုံတင်မပေးရဘူး။ မစစ်ဘူး၊ ပဲခူးအထိဆို လူတွေ ကားပေါ်ကဆင်းပြီး စစ်ဆေးခံရတယ်။ မှတ်ပုံတင် ပြရတယ်။ ပဲခူးမှတ်ပုံတင်ဆို ပြဿနာမရှိဘူး။ ရခိုင်မှတ်ပုံတင်ဆို အတော်လေးစစ်တာ” လို့ ပြောပါတယ်။

ကားပေါ်မှာ ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူတွေ ပါလာပါက စစ်ကောင်စီတပ်က မှတ်ပုံတင်နဲ့ လူကို တိုက်ဆိုင်စစ်ဆေးတာ၊ ဖုန်းနဲ့ လွယ်အိတ်တွေကို စစ်ဆေးပြီး မထီမဲ့မြင် ပြောဆိုတာရှိတယ်လို့ လှည်းကူးမြို့ခံက ပြောပါတယ်။

“ကျနော်တို့ကားပေါ်က အဒေါ်ကြီးသားအမိကို ရစ်တာ မပြီးဘူး။ ရခိုင်မှတ်ပုံတင် ကိုင်ထားတော့ ကောင်လေးရဲ့ ဖုန်းတွေစစ်။ အဘွားကြီးမေး၊ ပဲခူးမှာရှိတဲ့ အမျိုးတွေဆီ သွားလည်မလို့ ပြောလည်း မရဘူး။ နာရီဝက်လောက်ကြာတယ်။ ပြီးမှပြန်လွှတ်တာ။”

မနေ့က ခရီးသွားလာသူတွေရဲ့ ပြောဆိုချက်အရ မင်္ဂလာဒုံဆေးတက္ကသိုလ်ကစပြီး ဇီးရိုးမိုင်အထိ ရန်ကုန်-ပြည်လမ်း တောက်လျှောက်မှာရှိနေတဲ့ တပ်ရင်း၊ တပ်ဖွဲ့ရှေ့မှာ လုံခြုံရေးအပြည့် ချထားတယ်လို့ ပြောပါတယ်။

ရန်ကုန်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မလာခင်ရက်က  မရမ်းကုန်မြို့နယ်ရှိ အပိုလိုဟိုတယ်ရှေ့မှာ ညီဖြစ်သူရဲ့ မင်္ဂလာဆောင်ကိုလာတဲ့ ပြင်ဦးလွင်တပ်နယ်က ဗိုလ်မှူးတယောက်နဲ့ သူ့ရဲ့ညီမဖြစ်သူတို့ သေနတ်နဲ့ ပစ်ခတ်ခံရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024