
အိန္ဒိယသမုဒ္ဒရာထဲက ပြင်သစ်ပိုင် မက်ယော့ထ်ကျွန်းပေါ်မှာရှိတဲ့ ကာဝီနီရွာမှာ မုန်တိုင်းချီဒို ဝင်ရောက်တိုက်ခတ်လို့ ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးလုပ်သားတွေက ကုသပေးနေတဲ့ ရုပ်သံကို ပြင်သစ်မြို့ပြလုံခြုံရေးဌာနက ဒီဇင်ဘာ ၂၂ ရက်မှာ ဖြန့်ချိခဲ့ပါတယ်။
ကလေးငယ်တွေ လူကြီးတွေဟာ ဒဏ်ရာတွေကို သန့်စင်ပြီး ပတ်တီးတွေစည်းရင်း ကယ်ဆယ်ရေး လုပ်သားတွေဆီမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။
မက်ယော့ထ်ကျွန်းက အရာရှိတွေက ဆိုင်ကလုန်း ချီဒိုကြောင့် သေဆုံးသူ ၃၅ ယောက်ကိုသာ အတည်ပြုနိုင်ခဲ့ပေမဲ့ တကယ်တမ်းမှာ လူထောင်ချီ သေဆုံးနိုင်တာမို့ စိုးရိမ်တယ်လို့ တချို့က ပြောခဲ့ပါတယ်။
လူသေအလောင်းတွေကို မြေမြှုပ်ပြီး သန့်ရှင်းတဲ့ သောက်သုံးရေရဖို့ ရုန်းကန်နေရင်း ရောဂါတိုးမလာအောင် ကြိုးစားနေရတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
ကျွန်းရဲ့ အဆိုးရွားဆုံး မုန်တိုင်းသင့်ခံရတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ နေထိုင်ရာ တောင်စောင်း ဆင်းရဲသားရပ်ကွက်တွေထဲက နေရာတချို့ဆီကို ကယ်ဆယ်ရေးလုပ်သားတွေ မရောက်နိုင်ကြသေးပါဘူး။
Source : Reuters