
မရမ်းကုန်းမြို့နယ် အမှတ် ၂ ရပ်ကွက် အထက်ဗဟိုလမ်း APOLLO Hotel ရှေ့မှာ ဒီနေ့ နေ့လယ် ၂ နာရီက ဗိုလ်မှူးနဲ့ညီမဖြစ်သူတို့ ပစ်ခတ်ခံရပြီး ဆေးရုံတင်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“တပ်အသိုက်အဝန်းထဲက လုပ်တဲ့ မင်္ဂလာဆောင်ကိုလာတဲ့ ဗိုလ်မှူးနဲ့ အမျိုးသမီးတယောက်ကို ပစ်သွားတာ၊ သေမသေတော့ မသိဘူး၊ လူနာတင်ယာဥ်နဲ့သယ်သွားတယ်။”
မရမ်းကုန်းခရိုင်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဗိုလ်မှူးနဲ့သူ့ညီမက သူညီမင်္ဂလာဆောင်ကိုလာတဲ့ အချိန် ကြိုတင်သတင်းရလို့ ပစ်သွားတာ နှစ်ယောက်လုံး သေဖို့များတယ်” လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ဗိုလ်မှူးဖြစ်သူကို မင်္ဂလာဒုံအမှတ် ၁ စစ်ဆေးရုံ ခုတင် ၁၀၀၀ ကို ပို့ဆောင်ပြီး ညီမဖြစ်သူကို တပ်မတော်အရိုးဆေးရုံကို ပို့ဆောင်ကုသထားရတယ်လို့ သူကပြောပါတယ်။
လက်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ သေနတ်နဲ့ပစ်ခတ်သူကို သမိုင်းလမ်းဆုံ ၊ဘုရင့်နောင်တံတားတွေမှာ လိုက်လံပိတ်ဆို့ရှာဖွေနေပေမဲ့ ဖမ်းဆီးရမိခြင်းမရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။