Home
နိုင်ငံတကာ
ဆီးရီးယားမိန်းကလေးများကို ကျောင်းတက်ခွင့် မကန့်သတ်ဟု ပညာရေးဝန်ကြီးသစ်ကတိပြု
DVB
·
December 21, 2024
Photo-Reuters

ဆီးရီးယားရဲ့ ပညာရေးစနစ်ထဲမှ အရင် အာဏာရဘာ့သ်ပါတီကို ရည်ညွှန်းကိုးကားချက်တွေ အားလုံးကို လာမယ့် သီတင်းပတ်မှာ ဖယ်ရှားသွားမှာဖြစ်ပေမဲ့ ကျောင်းသင်ရိုးညွှန်းတမ်းကို တနည်းတဖုံ ပြောင်းလဲမှာမဟုတ်သလို မိန်းကလေးတွေ ပညာသင်ယူခွင့်ကိုလည်း ကန့်သတ်မှာ မဟုတ်ကြောင်း နိုင်ငံရဲ့ ပညာရေးဝန်ကြီးအသစ် နာဇီယာမိုဟမ္မဒ် အလ်-ကာဒရီက ကတိပြု ပြောပါတယ်။ 

အစိုးရက ကျောင်းတွေကို ဖျက်ဆီးခဲ့တာကြောင့် ကျောင်းပေါင်း ၉၀၀ ကျော်ကို ပြန်ထိန်းသိမ်း တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ ပညာရေးဝန်ကြီး အလ်-ကာဒရီက ဒမတ်စ်ကပ်စ်ရှိ သူ့ရုံးခန်းမှာ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောပါတယ်။ 

မွတ်ဆလင်နဲ့ ခရစ်ယာန်ဘာသာ ၂ မျိုးစလုံးကို ကျောင်းမှာ ဘာသာရပ်တခုအဖြစ် ဆက်လက် သင်ကြားသွားမယ်လို့လည်းဟု ကာဒရီကပြောပါတယ်။ 

မူလတန်းကျောင်းတွေမှာ ယောက်ျားလေးနဲ့ မိန်းကလေး ရောနှောသင်ကြားရမှာဖြစ်ပြီး အလယ်တန်း ပညာရေးမှာတော့ မိန်းကလေးကျောင်း၊ ယောကျ်ားလေးကျောင်း ဆိုပြီး အများစု ခွဲခြားထားမယ်လို့ ဆိုပါတယ်။ 

အစိုးရသစ်ဟာ ပြန်လည်တည်ဆောက်ရေးကို အာရုံစိုက်ထားတာကြောင့် ကာ့ဒ်တွေ၊ ခရစ်ယာန်တွေ၊ အာရဗီစကားပြော လူနည်းစုဖြစ်တဲ့ ဒရုဇ်တွေနဲ့ အားလဝိုက်တ်စ် လူမျိုးစုတွေ အပါအဝင် ဆီးရီးယားရှိ လူနည်းစုအုပ်စု အားလုံးကို တန်းတူညီမျှ ဆက်ဆံမှာဖြစ်တယ်လို့ ဆီးရီးယား အုပ်ချုပ်သူအသစ်တွေက ‌ပြောကြားထားပါတယ်။

ဆီးရီးယားအစိုးရသစ်ဟာ ကြောက်စရာ စိန်ခေါ်မှုတခုကိုလည်း ရင်ဆိုင်နေရပြီး ဆီးရီးယားဟာ အနောက်နိုင်ငံတွေရဲ့ တင်းကျပ်တဲ့ ပိတ်ဆို့အရေးယူမှုအောက်မှာပဲ ရှိနေသေးတာပါ။ 

၁၃ နှစ်ကြာ စစ်ပွဲအတွင်း မြို့ကြီးတွေဟာ အလုံးစုံ ပြိုပျက်ကုန်ပြီး တိုင်းပြည်ရဲ့ စာသင်ကျောင်းပေါင်း ၁၈,၀၀၀ လောက်မှာ ထက်ဝက်လောက်က အလုံးစုံ ပြိုကျပျက်စီးတာ တစိတ်တပိုင်း ထိခိုက်ပျက်စီးတာတွေ ဖြစ်ခဲ့ပါတယ်။ 

ဒါပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အစိုးရထဲကို မြန်မြန်ဆန်ဆန် ဝင်လိုက်ကြပြီး အစုလိုက် အပြုံလိုက် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ နိုင်ငံ့ဝန်ထမ်းဟောင်းတွေကို လက်ဆင့်ကမ်းပေးခဲ့ကြ ပါတယ်။ 

ဝန်ကြီးအသစ် အများစုဟာ အသက် ၃၀ မှ ၄၀ နှစ်အတွင်း ငယ်ရွယ်သူတွေ ဖြစ်ကြပြီး အသက် ၅၄ နှစ်အရွယ် ကာဒရီ ကို အစိုးရအဖွဲ့ထဲမှာ အသက်အကြီးဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။ 

၁၉၆၃ ခုနှစ် အာဏာသိမ်းပြီးကတည်းက ဆီးရီးယားကို အုပ်ချုပ်ခဲ့တဲ့ ဘာသာရေးနဲ့ မဆက်နွှယ် တဲ့ အာရပ်အမျိုးသားရေးဝါဒီ ဘာ့သ်ပါတီက ပညာရေးဟာ တိုင်းပြည်ရဲ့ အာဏာရှင်စနစ်အပေါ် ငယ်ရွယ်သူတွေအကြား တသက်လုံး သစ္စာရှိမှု ခိုင်မြဲစေဖို့ အရေးကြီးတဲ့ လက်နက်တခုအဖြစ် ရှုမြင်ထားပါတယ်။ 

အစ္စလာမ္မစ်သူပုန်အဖွဲ့ ဟာယတ်တာရီယာအလ်-ရှာမ် (HTS) ဟာ သမ္မတ ဘာရှား အလ်-အာဆတ်ကို ဒီဇင်ဘာ ၈ ရက်မှာ ဖြုတ်ချခဲ့ပြီးနောက်မှာ ဆီးရီးယားနိုင်ငံသားတွေက ရှေးရိုးဆန်တဲ့ အစ္စလာမ္မစ်အုပ်ချုပ်ရေးပုံစံကို အကောင်အထည်ဖော်မှာကို စိုးရိမ်နေခဲ့ကြတာပါ။

ဆီးရီးယားဟာ ၁၃ နှစ်ကြာ ပြည်တွင်းစစ်ထဲမှာ ဂုဏ်သတင်း ရှင်သန်နေတဲ့ အာရပ်ကမ္ဘာရဲ့ အသက်အပြင်းဆုံး ပညာရေးစနစ်တွေထဲမှ တခုအဖြစ် မြင်တွေ့ရပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013