ဆီးရီးယားနိုင်ငံအတွင်း တည်ငြိမ်မှုရှိစေဖို့ တူရကီနဲ့ လက်ဘနွန်နိုင်ငံတို့ဟာ အရေးပါတဲ့ အိမ်နီးချင်းနှစ်နိုင်ငံအဖြစ် အတူတကွလုပ်ဆောင်ဖို့ သဘောတူခဲ့တယ်လို့ တူရကီသမ္မတ တေယစ်အာဒိုဂန်က ဒီဇင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။
လက်ဘနွန် အိမ်စောင့်၀န်ကြီးချုပ် နာဂျစ်ဘ် မီခါတီနဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဒိုဂန်က လက်ဘနွန်ရဲ့ လုံခြုံရေးနဲ့ ဂါဇာဒေသမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဟာ ဒေသတွင်း တည်ငြိမ်ရေးရဲ့ အဓိကသော့ချက်ဖြစ်တယ်လို့ ပြောပါတယ်။
အစ္စရေးရဲ့ ဆက်တိုက် တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်နိုင်ငံဟာ အများကြီး ဒုက္ခရောက်နေရတယ်လို့ မီကာတီက ပြောပါတယ်။
“ဒါဟာ အစ္စရေးရန်သူရဲ့ နေ့စဉ်ချိုးဖောက်တဲ့အနေနဲ့ စစ်ရေးအရ တိုက်ရိုက် ဆက်လက်တိုက်ခိုက်နေပြီး ဒါဟာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကတိကဝတ် စာတမ်းကို ချိုးဖောက်နေတာပဲ။”
ဆီးရီးယားနယ်မြေတွေမှာ အစ္စရေးတပ်တွေ တည်ရှိနေမှုကို အဆုံးသတ်ဖို့ လိုအပ်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။
Source : Reuters