Home
မြန်မာသတင်း
ရွှေကျင်တွင် ဖမ်းမိခဲ့သည့် ဗိုလ်ကြီးနှင့်သတင်းပေးကို KNU ထံ အပ်နှံ
DVB
·
December 17, 2024
Photo-Fire Dragon PDF

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ညောင်လေးပင် - မဒေါက်လမ်းပိုင်းမှာ အရပ်ဝတ်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ် ဗိုလ်ကြီးတယောက်နဲ့ သတင်းပေးတယောက်ကို ဒီဇင်ဘာ ၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး KNU ထံ လွှဲပြောင်းပေးခဲ့တယ်လို့ Fire Dragon PDF အဖွဲ့ထံက သိရပါတယ်။

တောင်ငူစစ်ဌာနချုပ်ကို အရပ်ဝတ်နဲ့ထွက်လာတဲ့ ခမရ ၅၇ တပ်ရင်းက ဗိုလ်ကြီး ညီညီအောင်နဲ့ စစ်ကောင်စီ သတင်းပေး ပြည့်ဖြိုးအောင်တို့ ၂ ဦးကို ဒီဇင်ဘာ ၉ ရက်က အရှင်ဖမ်းဆီးရမိခဲ့တာပါလို့ Fire Dragon PDF မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“မဒေါက်-ညောင်လေးပင်လမ်းပိုင်းမှာ သူတို့ ၂ ယောက်ကို အရက်ဝတ်နဲ့အရှင်ဖမ်းမိခဲ့တာပါ။ လက်နက်တွေတော့ပါမလာဘူး။ ကျနော်တို့အဖွဲ့က အထူးရဲဘော်တွေ အဲ့ဒီလမ်းပိုင်းမှာ တပ်စွဲထားတာပါ။”

ရွှေကျင်မြို့နယ်အခြေစိုက် ခလရ ၅၇ တပ်ရင်းမှ အသက် ၂၉ နှစ်အရွယ် ဗိုလ်ကြီးညီညီအောင်နဲ့ အသက် ၂၁ နှစ်အရွယ် စစ်တပ်သတင်းပေး ပြည့်ဖြိုးအောင်တို့နှစ်ဦးကို လက်ရှိမှာ KNU ထံ လွှဲပြောင်းအပ်နှံလိုက်ပြီဖြစ်ကြောင်းနဲ့ သူတို့ကို စစ်သုံ့ပန်းဥပဒေနဲ့ ဆက်လက်  အရေးယူသွားမှာဖြစ်ကြောင်း Fire Dragon PDF အဖွဲ့ထံက သိရပါတယ်။

Fire Dragon PDF အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှ အခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီနဲ့ ပျူစောထီး ၆ ယောက်အထိ အရှင်ဖမ်းဆီးရမိခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ Fire Dragon PDF အဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013