အမေရိကန်စစ်တပ်ဟာ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းမှာ လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ ဒရုန်းမြင်တွေ့မှုရဲ့ သဘောသဘာဝကို အမေရိကန်ပြည်သူတွေကို ပြောပြသင့်တယ်လို့ ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရမ့်ပ်က ဒီဇင်ဘာ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။
ထရမ့်ပ်က “ဘာဖြစ်နေတယ်ဆိုတာကို အစိုးရသိပါတယ်။ အကြောင်းပြချက်တခုခုကြောင့် သူတို့ မှတ်ချက်မပေးချင်ဘူး။ ငါတို့စစ်တပ်က သိတယ်ဆိုတာ ငါတို့သမ္မတ သိတယ်လို့ သူတို့ကပြောတာ ပိုကောင်းမယ်လို့ ကျနော်ထင်ပါတယ်” လို့ ပြောပါတယ်။
ဖလော်ရီဒါပြည်နယ် အုန်းကမ်းခြေမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်ပ်က အတိအကျ မပြောဘဲ “ဒါဟာ ရန်သူလို့ မထင်နိုင်ဘူး” လို့လည်း ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထောက်လှမ်းရေးဆိုင်ရာ အသေးစိတ် ညွှန်ကြားရှင်းလင်းချက်ကို လက်ခံရရှိခြင်း ရှိ၊ မရှိ ဖြေကြားဖို့ကိုတော့ ထရမ့်ပ်က ငြင်းဆိုခဲ့ပါတယ်။
နိုဝင်ဘာလလယ်က နယူးဂျာစီပြည်နယ်မှာ ဒရုန်းယာဉ်တွေကို စပြီးမြင်တွေ့ခဲ့တာဖြစ်ပြီး မကြာသေးမီရက်တွေအတွင်း မေရီလန်း၊ မက်ဆာချူးဆက်နဲ့ တခြားပြည်နယ်တွေအထိ ပျံ့နှံ့သွားခဲ့ပါတယ်။
တွေ့ရှိမှုအများစုမှာ လူလိုက်ပါတဲ့ လေယာဉ်တွေလည်း ပါဝင်ပြီး အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တဲ့ အထောက်အထားတော့ မရှိဘူးလို့ အမေရိကန်တာဝန်ရှိသူတွေက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
Source : Reuters