Home
နိုင်ငံတကာ
ဓားစာခံများ အမြန်ပြန်လွှတ်ရန် ဟားမတ်စ်ကို ဒေါ်နယ်ထရမ့်ပ် သတိပေး
DVB
·
December 17, 2024
Photo-Reuters

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က ဂါဇာကမ်းမြောင်က စစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ စကားပြောခဲ့တယ်လို့ ဒီဇင်ဘာ ၁၆ ရက်မှာ ပြောခဲ့ပါတယ်။

သူ သမ္မတရာထူး တာဝန်ယူတဲ့နေ့ ဖြစ်တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ထိမှ ဟားမတ်စ်တွေက ဓားစာခံတွေကို မလွှတ်ပေးသေးရင် ငရဲတွေအားလုံး ပေါ်လာတော့မှာပဲလို့လည်း သူက ထပ်ပြီး ခြိမ်းခြောက်ခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ် အုန်းကမ်းခြေမှာရှိတဲ့ ထရမ့်ပ်ရဲ့ အပန်းဖြေစခန်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်ပ်က သူ့ခြိမ်းခြောက်မှုကို နောက်တကျော့ ဆော်ဩချက်အဖြစ် ရည်ညွှန်း ဖော်ပြခဲ့ပါတယ်။

ဟားမတ်စ် ဦးဆောင်တဲ့ စစ်သွေးကြွတွေဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ အစ္စရေးနိုင်ငံကို တိုက်ခိုက်ချိန်အတွင်း လူပေါင်း ၁,၂၀၀ သေဆုံးပြီး ၂၅၀ ကျော်ကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့တယ်လို့ အစ္စရေးစာရင်းတွေက ဆိုပါတယ်။

စေ့စပ်ညှိနှိုင်းမှုတွေနဲ့ အစ္စရေးစစ်တပ်ရဲ့ ကယ်ဆယ်ရေးဆိုင်ရာ စစ်ဆင်ရေးတွေကတဆင့် ဓားစာခံ ၁၀၀ ကျော် လွတ်မြောက်ခဲ့ပြီးပါပြီ။

ဂါဇာမှာ ထိန်းသိမ်းထားဆဲ လက်ကျန် အယောက် ၁၀၀ ထဲက ထက်ဝက်လောက်တော့ အသက်ရှင်လျက် ရှိတယ်လို့ ယုံကြည်ရပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မကြာသေးမီက ဒေသတွင်း အကြီးတန်းလက်ထောက်တွေကို စေလွှတ်ရင်း ကာလရှည်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အရယူဖို့ ကြိုးစားခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013