နိုဝင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ တလအတွင်းမှာ အရာရှိအဆင့် ဗိုလ်မှူးတယောက် အပါအဝင် စစ်ကောင်စီတပ်သား ၃၃ ယောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ ဝင်ရောက်ခိုလှုံခဲ့ကြတယ်လို့ ဒီဇင်ဘာ ၁၆ ရက်မှာ NUG က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာက ဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်သားနဲ့ ရဲ ၃၃ ယောက်တို့ဟာ အာဏာသိမ်း စစ်ကောင်စီကို စွန့်ခွာပြီး PDF တပ်ရင်းတွေ၊ ပကဖတွေကို ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်ထံ ဝင်ရောက်ခိုလှုံခဲ့တာလို့ ဆိုပါတယ်။
ပြည်သူ့ရင်ခွင်ကို ခိုဝင်လာသူတွေ ယူဆောင်လာတဲ့ လက်နက်မျိုးစုံ အလက် ၂၀ နဲ့ ခဲယမ်းမီးကျောက်တွေလည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လက်နက်နဲ့ ခိုဝင်လာသူတွေကို လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းအမိန့် ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူတွေ အပါအဝင် စစ်ကောင်စီတပ်သားတွေအနေနဲ့ နီးစပ်ရာ PDF၊ ပကဖ နဲ့ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲအစည်းတွေကို ဆက်သွယ်ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ကိုလည်း NUG က တိုက်တွန်းထားပါတယ်။
ကေခိုင်