တရုတ်နဲ့ ဥရောပသမဂ္ဂတို့ပူးပေါင်းပြီး ကမ္ဘာကို ထုတ်ကုန်တွေအများကြီး ထုတ်လုပ်နိုင်ဖို့ အီတလီဝန်ကြီးချုပ်က မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
အီတလီဝန်ကြီးချုပ် ဆာဂျီယိုမတ်တာရယ်လာက တရုတ်မီဒီယာနဲ့ပြုလုပ်တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ အင်တာဗျူးမှာ အီယူအဖွဲ့ဝင်တဦးအဖြစ် ဖြေကြားခဲ့ပါတယ်။
အီတလီဝန်ကြီးချုပ်က အခြား အီးယူအဖွဲ့ဝင်တွေနဲ့အတူ တရုတ်နိုင်ငံနဲ့ ပူးပေါင်းမှု ပိုပြီးလုပ်သွားဖို့ ဆန္ဒရှိနေပါတယ်။
အင်တာဗျူးမှာ အီတလီနိုင်ငံက နိုင်ငံအတွက် တမျိုးနဲ့ အီးယူအဖွဲ့ဝင်အဖြစ် တမျိုး နှစ်မျိုးကို ကိုယ်စားပြုတယ်လို့ အီတလီဝန်ကြီးချုပ်က ဆိုပါတယ်။
တရုတ်နိုင်ငံပူးပေါင်းမှုမှာ အီးယူအဖွဲ့ဝင်နိုင်ငံ အဖြစ်ပါဝင်ပြီး ပိုပြီးလက်တွဲလုပ်ဆောင်သွားမယ်လို့ မတ်တာရယ်လာက ဖြေကြားခဲ့ပါတယ်။
မတ်တာရယ်လာဟာ တရုတ်သမ္မတရဲ့ ဖိတ်ကြားမှုအရ နိုဝင်ဘာ ၇ ရက်ကနေ ၁၂ ရက်အထိ တရုတ်နိုင်ငံကို အလည်အပတ်သွားရောက်ခဲ့ပါတယ်။
တရုတ်နိုင်ငံခရီးစဉ်မှာ အီတလီဝန်ကြီးချုပ်ဟာ ပီကင်းတက္ကသိုလ်ကိုမှာ ကျောင်းသားတွေနဲ့ ဆရာတွေကို အမှာစကားပြောကြားခဲ့တာတွေ့ရပါတယ်။
“အီးယူနဲ့ တရုတ်တို့ ကုန်သွယ်မှုဆိုင်ရာပြဿနာများရှိနေပေမဲ့ ပူးပေါင်းဆောင်ရွက်ပြီး အဖြေရှာရမှာ ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ အဓိက အင်အားတွေဖြစ်တဲ့ အီးယူနဲ့ တရုတ်တို့ ပူးပေါင်းမှုက အနာဂတ်မှာ ကမ္ဘာကြီးကို ပိုပြီး အင်အားကောင်းလာစေမှာပါ” လို့ မတ်တာရယ်လာ က ဆိုပါတယ်။
အီတလီဝန်ကြီးဟာ တရုတ်ပြည်ခရီးစဉ်အတွင်း ယာဉ်ကျေးမှု၊ နည်းပညာ၊ ပညာရေး၊ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးတို့မှာ ၂ နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ အပြန်အလှန် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
Source-Reuters